• ကမ္ဘာ့ပထမဆုံး 200W Charging ဖုန်းသစ် iQOO 10 Pro ထွက်ရှိ

2K Display ၊ 120Hz Refresh Rate နဲ့ 200W Fast Charging လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်

Qualcomm ရဲ့ High-End Processor သစ် ၊ အမြင့်ဆုံးအားသွင်းနည်းပညာနဲ့ စိတ်ဝင်စားစရာ Features တွေ ဖောချင်းသောချင်း သုံးထားတဲ့ iQOO 10 စီးရီးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

တရုတ်မှာ မိတ်ဆက်သွားတဲ့ iQOO 10 စီးရီးထဲမှာ ပုံမှန် iQOO 10 မော်ဒယ်နဲ့ iQOO 10 Pro မော်ဒယ်ဆိုပြီး နှစ်မျိုး ပါဝင်ခဲ့ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ Qualcomm Snapdragon 8+ Gen 1 SoC ၊ Android 12 အခြေခံ OriginOS Ocean နဲ့လာပါတယ်။ Pro မော်ဒယ်ကတော့ ဈေးကွက်ထဲမှာ ပထမဆုံးလို့ ဆိုနိုင်တဲ့ 200W Fast Charging နည်းပညာကို သုံးလာခဲ့တာပါ။ ဒီအားသွင်းနည်းပညာနဲ့ဆို ဖုန်းတစ်လုံးကို အားအပြည့်သွင်းဖို့ ၁၂ မိနစ်ပဲ ကြာမှာ ဖြစ်ပါတယ်။ 

image



iQOO 10 Pro ဟာ ဘက်ထရီဆဲလ်နှစ်ပိုင်းခွဲထားတဲ့ 4700mAh ဘက်ထရီနဲ့လာပြီး 50W Wireless Charging နဲ့ Reverse Wireless Charging စနစ်လည်း ပံ့ပိုးသွားမှာပါ။ iQOO 10 Pro မှာ လုံခြုံရေးအတွက် Ultrasonic 3D ဧရိယာကျယ် လက်ဗွေဖတ်စနစ်နဲ့ မျက်နှာပြင်ဖတ်နည်းပညာတို့ ထည့်ပေးထားပါတယ်။ Qualcomm ရဲ့ အမြင့်ဆုံး Snapdragon 8+ Gen 1 Chipset သုံးထားတာ ဖြစ်လို့ စွမ်းအင်ထိရောက်မှုပိုင်း ပိုကောင်းလာသလို Performance ပိုင်းမှာလည်း ၁၀% ပိုကောင်းလာမှာပါ။ 

Display ဒီဇိုင်းကိုတော့ iQOO 9 အတိုင်း ၆.၇၈ လက်မ ဘောင်ကွေး E5 AMOLED Panel နဲ့လာပြီး 1440x 3200px ရုပ်ထွက် ပါရှိပါတယ်။ LTPO 3.0 Panel ဟာ 120Hz အထိ Refresh Rate ပံ့ပိုးမှု ပါလာပြီး Vivo V1+ Chip အစွမ်းကြောင့် အကောင်းဆုံး Refresh Rate Display နဲ့ ဂိမ်းဖရိမ်ထွက်နှုန်းတက်အောင် စီစဉ်ပေးနိုင်သလို ပါဝါသုံးစွဲမှုအပူချိန်ကိုလည်း ထိန်းညှိစစ်ဆေးပေးနိုင်မှာပါ။ V1+ Chip ဟာ ကင်မရာဆီက ဓါတ်ပုံတွေကို Processing လုပ်ရာမှာလည်း အထောက်အပံ့ပေးပါတယ်။ 

iQOO 10 Pro ဟာ ကင်မရာပိုင်းမှာလည်း Flagship ဆန်မှုကို ထုတ်ပြထားပါတယ်။ ကျောဘက်စတုဂံပုံ ကင်မရာအိမ်ကြီးထဲမှာ f/1.88 lens နဲ့ Gimbal Stabilization စနစ် ပါတဲ့ 50MP GN5 Sensor Main Camera ၊ 3x Telephoto ဆဲရိုက်နိုင်ပြီး OIS ရုပ်ငြိမ်စနစ်ပါတဲ့ 14.6MP Sensor နဲ့ ၁၅၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 50MP Ultrawide Lens ဆိုပြီး ကင်မရာ ၃ လုံး သုံးထားပါတယ်။ ရှေ့ဘက်မှာ 16MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။ 



ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ 5G ၊ WiFi 6 ၊ Bluetooth 5.3 နဲ့ NFC စနစ်တို့ ပါရှိပါတယ်။ ကိုယ်ထည်အလယ်ဘောင်ဟာ အလူမီနီယမ်နဲ့ ထုတ်လုပ်ထားပြီး Haptic Feedback အတွက် X-axis linear motor နဲ့ စတီရီယိုစပီကာတွေ တပ်ဆင်ထားပါတယ်။ iQOO 10 Pro (8/256GB) မော်ဒယ်ကို ယွမ် ၅၀၀၀ (မြန်မာငွေ ၁၄ သိန်းခန့်) နဲ့ အမြင့်ဆုံး 12/512GB မော်ဒယ် Legendary Edition ကို ယွမ် ၆၀၀၀ (မြန်မာငွေ ၁၇ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က