ကမ်းခြေတွေမှာ အမှိုက်ပစ်တာလျော့ချဖို့ အတွက် ငါးရုပ်ပုံစံအမှိုက်ပုံးကြီးတွေကို မတ်လ ၁၀ ရက်နေ့မှစပြီး ထားရှိတဲ့အစီအစဉ် လုပ်ဆောင်နေတာပါ။
ဓါတ်ပုံ- clean yangon
ဒီအစီအစဉ်ကိုတော့ clean yangon ကနေ လုပ်ဆောင်တာဖြစ်ပြီးတော့ clean beach အစီအစဉ်လို့ နာမည်ပေးထားတာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ချောင်းသာမှာ အရုပ်နှစ်ရုပ်ကို ထားရှိပေးထားတာဖြစ်ပါတယ်။
“ အဲ့ဒီအရုပ်နှစ်ရုပ်ကတော့ အမှိုက်တွေထည့်ဖို့ ဆိုတဲ့ မက်ဆေ့ရယ်။အနည်းဆုံးအမှိုက်ပုံးထဲကို ထည့်ရမယ်ဆိိုတဲ့ အသိမျိုးရစေဖို့ ထည့်ပေးထားတာဖြစ်ပါတယ်။လောလောဆယ်မှာတော့ ချောင်းသာမှာ အရင်ထားပါတယ် ” လို့ Clean Yangon အဖွဲ့ တည်ထောင်သူ ကိုဇေယျာထွန်းက Duwun ကိုပြောပါတယ်။
လက်ရှိမှာ ချောင်းသာကမ်းခြေမှာပဲအရင်ဆုံးထားတာဖြစ်ပြီးတော့ ငါးရုပ်ပုံစံအမှိုက်ပုံးက အမြင့်ခြောက်ပေ၊အရှည် ရှစ်ပေရှိတယ်လို့ သိရပါတယ်။
အမှိုက်ဆန့်တဲ့ အမှိုက်လီတာ ခြောက်ရာဆန့်မှာဖြစ်ပြီးတော့ ကနဦးအနေနဲ့ ချောင်းသာမှာတပ်ဆင်ထားတာဖြစ်ပြီး အလှုငွေရရှိမှုအပေါ်မူတည်ပြီး အခြားသော လူသွားများတဲ့ ကမ်းခြေတွေမှာ ထားမယ်လို့ သိရပါတယ်။
ဒါ့အပြင် လူသွားလူလာများပြီး အမှိုက်များတဲ့ ရန်ကုန်က ဗိုလ်တစ်ထောင်ကမ်းနားနဲံ ချောင်းသာ၊ငပလီတု့ိမှာလည်း ဒီလို အမှိုက်ပုံးတွေထားဖို့ အစီအစဉ်ပြုလုပ်ထားတယ်လို့ ပြောပါတယ်။