ကျန်းမာရေးဝန်ထမ်းတွေအတွက် လာမယ့် ဘဏ္ဍာနှစ်မှာ ကျပ် ၂၆၃ ဘီလျံ ကျပ်နဲ့ ဝန်ထမ်းအိမ်ရာတွေကို ဆောက်လုပ်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပခုက္ကူမှာပြုလုပ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေသခံစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
ပြည်သူ့စကားဝိုင်းမှာ ဆွေးနွေးနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်
စကားဝိုင်းမှာ ဒေသခံပြည်သူတစ်ဦးရဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မယဉ်ကျေးတဲ့ကိစ္စကို မေးမြန်းရာမှာ ဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးက ကျန်မားရေးဝန်ထမ်းတွေ လက်ရှိ ကြုံတွေ့နေရာတကာ ဝန်ထမ်းအိမ်ရာ ပြသနာဖြစ်နေပြီး အောက်တိုဘာလအတွင်း ဘတ်ဂျက်ရတာနဲ့ အိမ်ရာတွေကို ဆောက်လုပ်ပေးတော့မယ်လို့ ဆိုပါတယ်။
“ ဝန်ထမ်းတွေက ဘာပြသနာတတ်နေလဲဆိုတော့ ဝန်ထမ်းအိမ်ရာပါ။ ၂၀၁၈-၁၉ ဘတ်ဂျတ် မှာ၂၆၃ဘီလျံကျပ်ကို ဝန်ထမ်းအိမ်ရာတွေဆောက်မယ်။အကုန်လုံးလည်းသတ်မှတ်ပြီးပါပြီ။ တိုင်းနဲ့ ပြည်နယ်အလိုက် ဘယ်ဆေးရုံ၊ဘယ်မှာ အကုန်အသေးစိတ်ရှိပါတယ်။အောက်တိုဘာ ဘတ်ဂျက်ရတာနဲ့ စဆောက်မယ်။ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကိုတာဝန်ခံခိုင်းမယ်။ ဝန်ထမ်းအိမ်ရာတွေကို နောက်နှစ်လည်းတိုးပေးမယ်။ ဆေးရုံအသစ်ကတော့ အခြေအနေအရ အရမ်းလိုအပ်မှပဲ တိုးပေးမယ်။ အသစ်ဆောက်မယ်။ ရှိတဲ့ ဆေးရုံမှာလည်း ဆရာဝန်တွေ ၊ ဆရာမတွေ ဖြစ်အောင်လည်း ကျွန်တော်လုပ်ပေးပါ့မယ်” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျန်းမာရေးဝန်ထမ်းတွေ မယဉ်ကျေးတဲ့ ကိစ္စမှာ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တာနဲ့သက်ဆိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
“ကျန်းမာရေးဝန်ထမ်းတွေ မယဉ်ကျေးတဲ့ကိစ္စကလည်း ဆရာဝန်၊ဆရာမတွေ၊ သူနာပြုတွေ မလုံလောက်တာနဲ့လည်း ဆိုင်ပါတယ်။အလုပ်က သိပ်များနေတော့ နည်းနည်းကြမ်းသွားတာပေါ့’’ လို့ ပြောကြားခဲ့ပါတယ်။