အရမ်းဆိုးတဲ့ အခြေအနေကို မရောက်နိုင်ပါဘူး ။

"တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေမှာက လူကြားထဲ သွားမှ ရတဲ့ အနေအထားတွေ ရှိတယ်၊ မသွားလို့လည်းမရတဲ့အခြေအနေ ဖြစ်ပေမယ့်လည်း ကျန်းမာရေးကိုတော့ ဂရုစိုက်စေချင်တယ်"လို့ တိုင်ရွန်က ဆိုပါတယ်။

Photo : တိုင်ရွန်

တိုင်ရွန်ကတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး အရမ်းကြီးဆိုးရွားတဲ့ အခြေအနေတစ်ခုနဲ့ မကြုံနိုင်ဘူးလို့ ယုံကြည်ထားသူပါ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် အားလုံးက ငြိမ်းချမ်းတယ်၊ ရောဂါဆိုးကြီးနဲ့ ကြုံရရင်တောင် အဆိုးကြီးမဖြစ်ဘူးလို့ ယုံကြည်ထားကြောင်းသူက ဆိုပါတယ်။

“ကျွန်တော်တို့က ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေလေ ကျွန်တော်တို့က ဘုရားရဲ့ အဆုံးအမအောက်မှာ ရှိတဲ့အတွက်ကြောင့်မို့ အားလုံးက ငြိမ်းချမ်းတယ် ဖြစ်လာရင်တောင်မှ အဆိုးကြီး မဖြစ်ဘူးလို့ ယုံကြည်ထားတယ်။ ဒါကြောင့် အရမ်းကြီးစိုးရိမ်စိတ်တော့မရှိဘူး ။ ဒါပေမယ့် ကျန်းမာရေး ဌာနတွေက လမ်းညွှန်မှုအောက်မှာ နေတယ်၊လိုက်နာသင့်တာ လိုက်နာတယ်” ဆိုပြီး သူက ပြောပါတယ်။

Photo : တိုင်ရွန်

ဖြစ်နိုင်ရင် ပရိသတ်တွေအားလုံးကို အိမ်ထဲမှာဘဲ နေစေချင်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် တစ်နေ့လုပ်မှ တစ်‌နေ့စားရတဲ့ အခြေခံလူတန်းစားတွေ အတွက် မသက်သာလို့ အပြင်ထွက်နေရရင်တောင် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့နဲ့ လက်ခဏခဏဆေးဖို့ကိုလည်း ယခုလို ပြောခဲ့ပါသေးတယ်။

“အခြေခံလူတန်းစားတွေအနေနဲ့ မသွားလို့ မလာလို့ မရတဲ့ အနေအထားတွေ ရှိတယ်။တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတွေ ရှိတာမို့လို့ လူကြားထဲ သွားမှ ရတဲ့ အနေအထားတွေရှိတယ်မသွားနဲ့လို့ ပြောလို့မရဘူး ဒါပေမယ့် တက်နိုင်သလောက်တော့ လျော့ပြီး သွားရမှာ အဓိက ကလေးတွေ လူကြီးတွေကို ကိုင်တွယ်ထိတွေ့တဲ့ နေရာမှာ အရေးကြီးတယ် ကိုယ့်လက်တွေကိုတော့ ဂရုတစိုက် ဆေးကြပါလို့ မှာချင်တယ်” လို့ သူက ဆိုပါတယ်။

Photo : တိုင်ရွန်

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က