ဒါက သူ့နဲ့ ပရိသတ်တွေရဲ့ အလှူလေးဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ ဖောင်ကြီး Quarantine Center မှာ တာဝန်ကျနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အတွက် အသက်အာမခံ လုပ်ပေးသွားမယ့်အကြောင်း အခုလို ပြောပြထားပါတယ်။ 

Photo: Wutt Mhone Shwe Yi



သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကတော့ Covid ကာလအတွင်း သူမရဲ့ ဆန္ဒအတိုင်းလုပ်ချင်တဲ့ အလှူလေးရှိတယ်လို့ ဆိုပါတယ်။ ဒီအလှူကတော့ COVID-19 ကျန်းမာရေးဝန်ထမ်းတွေ အတွက် အကျိုးရှိစေမယ့် အလှူလေးလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

" ဒီနေ့ post လေးကတော့ ကစ် sharing လုပ်ချင်တဲ့ အလှူ လေးတစ်ခုအကြောင်းပါ။အခု Covid-19 ကာလအတွင်းမှာ အလှူလေးလည်း လုပ်ချင်တယ်လှူတဲ့အရာကလည်း တကယ့်ကိုအကျိုးရှိစေချင်တာကြောင့် အားလုံးရဲ့အရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ဆေးရုံမှလုပ်အားပေးပြည်သူများအတွက်အလှူလေးပေးချင်တယ်ဆိုတော့ သူတို့အတွက်အသက်အာမခံလေး ကို ကစ်တို့သူငယ်ချင်း‌တွေစုပေါင်းပြီးလှူဒါန်းချင်လို့ပါ" ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Wutt Mhone Shwe Yi

ဖောင်ကြီးဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အယောက် (၄၀၀) အတွက် အသက်အာမခံ လုပ်ဆောင်သွားမယ်လို့လည်း ဝတ်မှုန်ရွှေရည်က ဆိုပါတယ်။ 

"ကစ်တို့အခု လှူမယ့်ဆေးရုံကတော့ Covid လူနာတွေကိုအဓိကထားမယ့် ဖောင်ကြီးဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်း အယောက် ၄၀၀ အတွက် လိုအပ်တဲ့ အသက်အာမခံ ကျန်းမာရေးဝန်ထမ်း ၁ ဦးအတွက် ၁၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ၊အကယ်၍ ထိုကျန်းမာရေးဝန်ထမ်းမှာတစ်စုံတစ်ခုဖြစ်ပေါ်သွားခဲ့ပါက (၁၀) သိန်း ရရှိ မှာဖြစ်တဲ့အတွက် အားလုံးလှူရတာပိုပြီးထောက်ပံ့ရာရောက်ပါတယ်။ အဲဒါကြောင့် စိတ်ပါဝင်စားလို့ ပါဝင်လှူဒါန်းချင်ပါက မချစ်အိမ်သူ ၀၉၈၈၅၀၂၂၂၀၉

ထံသို့ဆက်သွယ်ပြီးလှူလို့ရပါတယ်နော်။ ကိုယ်နိုင်သလောက် ဝန်လေးကို မျှထမ်းကြဖို့ ရည်ရွယ်ရင်း ဒီ post လေးကို တင်ပေးလိုက်တာပါ။ ကျန်းမာရေးဝန်ထမ်းများအားလုံးအားလေးစားလျက်။" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Wutt Mhone Shwe Yi

ဝတ်မှုန်ရွှေရည်ဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် စားနပ်ရိက္ခာ အလှူတွေ၊ Covid ကာကွယ်ရေး ပစ္စည်းတွေ လိုက်လံ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဝတ်မှုန်ရွှေရည်က သူမရဲ့ မွေးနေ့တိုင်းကိုလည်း အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းတတ်သူ ဖြစ်ပါတယ်။ 

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က