စည်ပင်၊အင်ဂျင်နီယာဌာန လမ်းနဲ့ တံတားဌာနတို့မှာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်တွေ စတင်လျှောက်ထားခွင့်ပြုနေပြီလို့ ရန်ကုန်မြို့တာ်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

Photo- WiKiPedia

သက်မှတ်လျှောက်လွှာတွေကိုတော့ သက်ဆိုင်ရာ ခရိုင်၊မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က သဘောထားထောက်ခံချက်တွေနဲ့ စည်ပင်၊အင်ဂျင်နီယာဌာန လမ်းနဲ့ တံတားတို့မှာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

“ မဏ္ဍပ်လျှောက်လို့ရပြီလို့ ပြောပါတယ်။ ပါမစ်တွေကတော့ ဘယ်လို ချပေးမလဲဆိုတာကတော့ မသိသေးဘူး။ သင်္ကြန်ကတော့ ဒီနှစ်က လမ်းလျှောက်သင်္ကြန်တွေပိုစည်ကားလာမှာဆိုတော့ ကျွန်တော်တို့တော့ ရောင်းအားတို့ ဘာတို့ကတော့ သူ့ပရိတ်သတ်နဲ့သူ ရှိလာမှာပါပဲ ” လို့ ယခုနှစ်မှာ မဏ္ဍပ်လျှောက်ထားမယ့် ကိုစည်သူအောင်က ပြောပါတယ်။

ယခုနှစ်မှာ အရင်နှစ်တွေကလို ကုမ္ပဏီအလိုက် စုပေါင်းရေကစားမဏ္ဍပ်တွေခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပပြီးတော့ စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

မဏ္ဍပ်တွေကို ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊တက္ကိသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းက ကုက္ကိုင်းမီးပွိုင့်ကြားနေရာမှာ ရေကစားမဏ္ဍပ်တွေ ဆောက်ခွင့်ပြုမှာမဟုတ်ဘဲ ပြည်လမ်းအပါအဝင် အခြားလမ်းမကြီးတွေမှာ မဏ္ဍပ်တွေခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ပြောထားတာပါ။

လျှောက်လွှာတွေကို အခမဲ့ထုတ်ယူနိုင်မှာဖြစ်ပြီးတော့ အခုနှစ်မှာ ရန်ကုန်မှာ လမ်းလျှောက်သင်္ကြန်တွေကို ပိုမိုပြလုပ်မှာဖြစ်ပြီး ပိုစည်ကားလာမယ်လို့ ခန့်မှန်းထားတာပါ။

Share

Loading Next Article...
က္က