• ကိုဗစ်ကာကွယ်ဆေးကို ဆန့်ကျင်သူ အီတလီအမျိုးသားတစ်ဦး လက်မောင်းတုတပ်ပြီး ကာကွယ်ဆေးလာထိုးခဲ့

အရောင်နဲ့ အထိအတွေ့အရ ကျန်းမာရေးဝန်ထမ်းက သံသယရှိသွားခဲ့ပါတယ်

အီတလီနိုင်ငံမှာ အမျိုးသားတစ်ဦးက စီလီကွန်လက်မောင်းတုတစ်ခု တပ်ဆင်လာပြီး COVID-19 ကာကွယ်ဆေးလာထိုးခဲ့တာ ကြုံတွေ့ခဲ့ရတယ်လို့ ကျန်းမာရေးအာဏာပိုင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောပါတယ်။

image

(Photo: EPA)

ထိုအမျိုးသားဟာ ကာကွယ်ဆေးထိုးတဲ့နေရာကို စီလီကွန်လက်မောင်းတု တပ်လာခဲ့ပြီး သူနာပြုကို အရူးလုပ်ကာ ကာကွယ်ဆေးထိုးပြီးကြောင်း ကျန်းမာရေးလက်မှတ် ရယူနိုင်ရန် မျှော်လင့်ထားခဲ့တယ်လို့ ဆိုပါတယ်။ အီတလီမြောက်ပိုင်း Biella မြို့မှာ အဆိုပါဖြစ်ရပ် ကြုံခဲ့ရတာဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် ထိုအမျိုးသားရဲ့လုပ်ရပ်ကို ရဲစခန်းမှာ တိုင်ကြားခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Alberto Cirio က ပြောပါတယ်။



image

(အီတလီမှာ ကာကွယ်ဆေးအစီအစဥ်ကို ဆန္ဒပြမှု) (Photo: ANS)

၎င်းတပ်ဆင်လာခဲ့တဲ့ စီလီကွန်လက်မောင်းတုဟာ အရေပြားအစစ်နဲ့ အလွန်တူတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ "အရောင်နဲ့ အထိအတွေ့အရ ကျန်းမာရေးဝန်ထမ်းက သံသယရှိသွားပြီး သူ့ကို လက်မောင်းတစ်ခုလုံးပြဖို့ ပြောခဲ့တယ်လေ" လို့ Alberto Cirio က ပြောပါတယ်။

အီတလီသတင်းဌာန ANSA က ဖော်ပြမှုအရ စီလီကွန်လက်မောင်းတုတပ်ပြီး ကာကွယ်ဆေးလာထိုးတဲ့ အမျိုးသားဟာ သွားဆရာဝန်ကျန်းမာရေးဆိုင်ရာနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်မှုကြောင့် အလုပ်မှဆိုင်းငံ့ခံထားရသူလို့ သိရပါတယ်။ အီတလီနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းများ အားလုံး ကာကွယ်ဆေး မဖြစ်မနေထိုးရန် စည်းမျဥ်းသတ်မှတ်ထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က