ကျန်းမာရေးစနစ်များ အခက်ကြုံခဲ့ရပြီး ၁၉၃၀ ပြည့်လွန်နောက်ပိုင်း ကမ္ဘာ့စီးပွားရေးအကျပ်အတည်း အဆိုးဆုံးဖြစ်လာခဲ့ပါတယ်

COVID-19 ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်နေစဥ်အတွင်း ကျန်းမာရေးအသုံးစရိတ်တွေ ကုန်ကျခဲ့ကြတာကြောင့် ယမန်နှစ်မှာ ကမ္ဘာ့လူဦးရေ သန်း ၅၀၀ ကျော်ဟာ အလွန်အမင်း ဆင်းရဲမွဲတေတဲ့ အခြေအနေဖြစ်သွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) နဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့က ဒီဇင်ဘာ ၁၂ ရက်နေ့က ပြောပါတယ်။

(Photo: Reuters)

ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း ကျန်းမာရေးစနစ်များ အခက်အခဲကြုံခဲ့ရပြီး ၁၉၃၀ ပြည့်လွန်နောက်ပိုင်း ကမ္ဘာ့စီးပွားရေးအကျပ်အတည်း အဆိုးဆုံးဖြစ်လာခဲ့ရာ လူတွေအနေနဲ့ ကျန်းမာရေးစောင့်‌ရှောက်မှုအတွက် ငွေပေးချေရန် ပိုမိုခက်ခဲခဲ့ကြောင်း WHO နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။



"အစိုးရအားလုံးအနေနဲ့ သူတို့ရဲ့နိုင်ငံသားအားလုံး နောက်ဆက်တွဲ ငွေရေးကြေရေး စိုးရိမ်ပူပန်မှုမရှိဘဲ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်တာသေချာစေဖို့ အားထုတ်မှုတွေကို ချက်ချင်း ပြန်စတင်ပြီး အရှိန်မြှင့် လုပ်ဆောင်ရပါမယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

(Photo: DTE)

အစိုးရတွေဟာ ၎င်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို တိုးမြှင့်အာရုံစိုက်ရန်နဲ့ လူတိုင်းအတွက်ကျန်းမာရေးကို ဦးတည်ဆောင်ရွက်ရာမှာ ပါဝင်ကြရန်လည်း WHO အကြီးအကဲက တိုက်တွန်းခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ အခြေအနေတွေ ပိုမိုဆိုးရွားခဲ့ကြောင်းနဲ့ ပုံမှန်ကာကွယ်ဆေးထိုးမှုများ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် လျော့ကျသွားခဲ့ပြီး တီဘီနဲ့ ငှက်ဖျားရောဂါကြောင့် သေဆုံးမှုများ မြင့်တက်လာခဲ့ပါတယ်။

"အစိုးရတွေအနေနဲ့ ကျန်းမာရေးဘတ်ဂျက်ကို ကာကွယ်ဖို့နဲ့ တိုးမြှင့်ဖို့ ခက်ခဲတဲ့ရွေးချယ်မှုတွေ လုပ်ရပါလိမ့်မယ်" လို့ ကမ္ဘာ့ဘဏ်ရဲ့ ကျန်းမာရေး၊ အာဟာရနဲ့ လူဦးရေဆိုင်ရာ အကြီးအကဲ Juan Pablo Uribe က ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က