နယူးယော့ခ်စီးတီးက ဆိုင်တွေ အားလုံးလည်း ပိတ်ထားပါတယ်။

အမေရိကန်နိုင်ငံအတွင်း COVID-19 ကူးစက်မှုအရေအတွက် မြင့်တက်လာပြီးနောက် Apple ရဲ့ လက်လီအ‌ရောင်းဆိုင်တွေ ပိတ်ထားတယ်လို့ ဆိုပါတယ်။ 

CNBC သတင်းအရ နယူးယော့ခ်စီးတီးမှာ COVID-19 ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် Apple ဟာ မြို့တွင်းက လက်လီဆိုင်နေရာတွေကို တနင်္လာနေ့က စလို့ ပိတ်ထားရတယ်လို့ ဆိုပါတယ်။ နယူးယော့ခ်စီးတီးက ဆိုင်တွေ ပိတ်ထားပေမယ့် အွန်လိုင်းကတစ်ဆင့် ပစ္စည်းမှာထားသူတွေကိုတော့ ဆိုင်အပြင်ဘက်ကနေ ပစ္စည်းယူသွားလို့ရနိုင်အောင် စီစဉ်ထားတယ်လို့လည်း ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။





"အခြေအနေတွေကို ကျွန်တော်တို့ ပုံမှန်စောင့်ကြည့်နေပါတယ်။ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေ ဘေးကင်းရေးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေလည်း ထိန်းညှိလုပ်ဆောင်သွားမှာပါ။" လို့ Apple ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Apple ဟာ ဝန်ထမ်းတွေကို နေ့စဉ် ကျန်းမာရေးပုံမှန်စစ်ဆေးပေးခြင်း ၊ ဖောက်သည်နဲ့ ဆိုင်ဝန်ထမ်းတွေ မဖြစ်မနေ Face Mask တပ်စေခြင်း ၊ ရောဂါမကူးစက်နိုင်ဖို့ ပိုးသတ်သန့်ရှင်းရေးလုပ်ခြင်းနဲ့ ဖျားနာသူများကို လစာမပြတ် နာဖျားခွင့်ပေးထားခြင်းတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ 

အိုမီခရွန်မျိုးကွဲသစ်ရဲ့ ကူးစက်မှု မြန်ဆန်ခြင်းကို ထိန်းချုပ်ဖို့ အခုလို ဆိုင်တွေ ယာယီပိတ်လိုက်ရတာ ဖြစ်ပြီး ဒီနေ့အချိန်အထိ ယာယီပိတ်ထားရတဲ့ Apple Store ဆိုင်ပေါင်း ၂၀ ကျော်လာပြီလို့ MacRumors သတင်းက ဆိုပါတယ်။ ပိတ်လိုက်တဲ့ ဆိုင်တွေထဲက ဝါရှင်တန်ပြည်နယ်က ၅ ဆိုင်ဟာ ရာသီဥတု အေးလွန်းတာကြောင့် ပိတ်ထားရတယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ Apple ဝန်ထမ်းများ ကိုဗစ်ကူးစက်မှု ဖြစ်ခဲ့ပြီးနောက် တစ်ရက်အတွင်း မြောက်အမေရိကမှာ ရှိတဲ့ Apple Store ဆိုင် ၇ ဆိုင်ကို ပိတ်ခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က