• ကိုပါဖိုင်နယ်အပြီးမှာ ကွင်းထဲဝင်လာပြီး ဘယ်သူ့ကိုမှမလှောင်ဖို့ တားမြစ်ခဲ့တဲ့ မက်ဆီ

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ကိုလံဘီယာကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖိုင်နယ်ပွဲအပြီး ကွင်းထဲဝင်ရောက်လာချိန်မှာ အသင်းဖော်တွေကို ဘယ်သူ့ကိုမှ မလှောင်ပြောင်ဖို့အတွက် အရင်ဆုံး သတိပေးတားမြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

image

ဒီစကားကိုတော့ မက်ဆီရဲ့ လက်ရွေးစင်အသင်းဖော် ရိုဒရီဂိုဒီပေါလ်က ပြောကြားခဲ့တာပါ။ ဒီပေါလ်က “ဖိုင်နယ်ပွဲပြီးသွားချိန်မှာ မက်ဆီ ရောက်လာပြီး အရင်ဆုံး ပြောခဲ့တာက ကျနော်တို့တွေ ပြိုင်ဘက်ကို မလှောင်ပြောင်ဖို့အတွက်ပါပဲ။ ဘယ်သူကမှ ဘယ်သူ့ကို လှောင်ပြောင်ခွင့်မရှိဘူး”

image

“ကိုယ့်ဘာသာပဲ အောင်ပွဲခံ၊ အောင်မြင်မှုအတွက် ပျော်ရွှင်ကြဆိုပြီး မက်ဆီက ပြောခဲ့တာပါ။ လူတွေက ချန်ပီယံအသင်းတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း တစ်ခုခု ဆန့်ကျင်ဘက်ကို ရှာဖွေနေကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အာဂျင်တီးနား ကစားသမားတွေက ကိုပါအမေရိက ချန်ပီယံဖြစ်တဲ့နောက် အသင်းဘတ်စ်ကားပေါ်မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ အာဖရိကန်နွယ်ဖွားတွေကို လှောင်ပြောင်တဲ့ သီချင်းသီဆိုခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မှာ မက်ဆီအပါအဝင် အာဂျင်တီးနားက နာမည်ကျော် ကစားသမား အများစု မပါဝင်ခဲ့ကြပါဘူး။

ဒါပေမယ့် ဒီဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်မှာ အန်ဇိုဖာနန်ဒက်ဇ်က တင်ခဲ့တဲ့နောက် ပွဲဆူသွားခဲ့ပြီး ပြင်သစ်ကလည်း ဖီဖာကို တိုင်ကြားခဲ့ပါတယ်။ အခုချိန်မှာတော့ အန်ဇိုဖာနန်ဒက်ဇ်က ပြန်တောင်းပန်ခဲ့ပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က