Photo - Yangon Traffic Police
မတ်လ ၇ ရက်နေ့ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုရမယ့်နေ့မှာ ဒေါပုံ အ.ထ.က ၁ ကျောင်းမှာ ဖြေဆိုရမယ့် ကျောင်းသားတစ်ယောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမဖြေတာကြောင့် အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ကြည့်ရာ ညက စာကျက်နေတာကြောင့် အဆိုပါကျောင်းသား အိပ်ပျော်နေကြောင်း စုံစမ်းသိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကနေ မီးတန်း ဆိုင်ကယ်နဲ့ ကျောင်းသား နေထိုင်ရာ ဒေါပုံမြို့နယ်၊ ယမုံနာ ၂ ရပ်ကွက် ကမ်းနားလမ်းရှိ အိမ်အထိသွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး စာမေးပွဲခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
Photo - Yangon Traffic Police
မနေ့က မတ်လ ၆ ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်က ကျောင်းသား၊ ကျောင်းသူ ၃ ယောက် ကျောင်းမှားပြီး စာမေးပွဲဖြေဖို့ရောက်လာတာကြောင့် ကျောင်းအမှန်ကို ယာဉ်ထိန်းတွေက လိုက်ပို့ပေးခဲ့ကြပါတယ်။
မတ်လ ၆ ရက်နေ့က စတင်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူပေါင်း ၈ သိန်း ၅ သောင်းကျော် ဝင်ရောက်ဖြေဆိုနေကြပါတယ်။