ပိတ်ခံထားတဲ့ ကစားသမားသစ်ခေါ်ယူခွင့်အတွက် အယူခံဝင်ထားတဲ့ ချဲလ်ဆီးအသင်းအနေနဲ့အောင် မြင်ဖို့ရှိနေခဲ့တာပါ။
ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်တွေခေါ်ယူ နိုင်ဖို့အတွက် အေးဂျင့်အများစုထံ ဆက်သွယ်မှုများစတင်ပြုလုပ်နေပြီဖြစ်တယ်လို့ Dailymail ရဲ့အခိုင် အမာဖော်ပြချက်အရ သိရပါတယ်။
ကစားသမားသစ်ခေါ်ယူရာမှာ အသက်မပြည့်တဲ့ကစားသမားအချို့ခေါ်ယူခဲ့တဲ့အပြင် စည်းမျဉ်းအချို့ ကိုချိုးဖောက်ခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိမှာအပြောင်းအရွှေ့ဈေးကွက် ၂ခုအတွင်းကစားသ မားသစ်ဝယ်ယူခွင့်ပိတ်ပင်ခံထားရတာလည်းဖြစ်ပါတယ်။
သတင်းဖော်ပြမှုတွေအရ ချဲလ်ဆီးအသင်းအနေနဲ့ ပြစ်ဒဏ်လျော့ပေါ့ခွင့်ရဖို့အတွက် အားကစားခုံရုံးကို အယူခံတင်သွင်းမှုအောင်မြင်ဖို့ရှိနေတဲ့အတွက် လာမယ့်ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ဈေးကွ က်အတွင်းကစားသမားသစ်ပြန်လည်ခေါ်ယူခွင့်ရဖို့ရှိလာတာပါ။
ပြီးခဲ့တဲ့ နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်ခေါ်ယူခွင့်မရှိတဲ့အပြင် အဓိက,ကစားသမားတွေဖြစ်တဲ့ ဟာဇက်၊ လူးဝစ်ဇ်၊ ကာဟေးလ်တို့ အသင်းကနေထွက်ခွာသွားတဲ့အ တွက် ချဲလ်ဆီးအသင်းအနေနဲ့ ခက်ခဲတဲ့ရာသီအစကိုဖြတ်ကျော်ခဲ့ရပြီး နည်းပြသစ်လမ်းပတ်အနေနဲ့ လူငယ်ကစားသမားအများ စုကိုသာအသုံးပြုခဲ့ရပါတယ်။
Mirror.com ရဲ့ဖော်ပြချက်မှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့အတွက် စတင် စုံစမ်းမှုများပြုလုပ်နေခဲ့တဲ့အပြင် ပေါင်သန်း ၂၀၀၀န်းကျင်အထိအသုံးပြုဖို့ရှိနေတယ်လို့လည်း သတင်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။