လာမယ့်ဇန်နဝါရီမှာ လူဝယ်ချင်ရင် အသုံးစရိတ် ထပ်မံ ထုတ်ပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
အသင်းရဲ့ ကစားပုံ ကောင်းမွန်ခြင်းမရှိပဲ အားနည်းချက်တွေ ရှိနေပေမယ့်လည်း နည်းပြဆိုးလ်ရှားကသာာ အသင်းအတွက်မှန်ကန်တဲ့ နည်းပြတစ်ဦးဖြစ်တယ်လို့ ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ဝင်တွေက ယုံကြည် ထားကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ ဝက်စ်ဟမ်းကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ အမှတ်ပေးဇယားအဆင့် ၈ ကို ဆင်းသက်ခဲ့ရပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲမှာ ၁၀ပွဲထိ အရေးနိမ့်ထားခဲ့ပါပြီ။
ဒီလို ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း နော်ဝေးနည်းပြ ဆိုးလ်ရှားအနေနဲ့ အသင်းကို အသစ် တစ်ဖန်ပြန် လည်တည်ဆောက်နေရသူ ဖြစ်ပြီး မှန်ကန်တဲ့ နည်းပြတစ်ဦးလို့သည ဘုတ်အဖွဲ့က ဒီအချိန်ထိ ယုံကြည်နေ တာပါ။
ဒီယုံကြည်မှုနဲ့အတူ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆိုးလ်ရှားအနေနဲ့ အသင်းကို ကစားသမား ဖြည့်တင်း ချင်ရင်တောင် အသုံးစရိတ် ထပ်မံ ထုတ်ပေးသွားဦးမယ်လို့လည်း သိရပါတယ်။
အခု ဆုံးဖြတ်ချက်ကတော့ အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်၊အန်တိုနီမာရှယ်တို့ ဒဏ်ရာရသွားချိန် အားထားရတဲ့ လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ကလည်း ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့တာတွေကြောင့်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ကတော့ ပေါင်ခြံ ဒဏ်ရာရသွားတာဖြစ်ပြီး လာမယ့်လ နိုင်ငံတကာပွဲတွေ ပြီးတဲ့အထိ အနားယူရဖို့ ရှိနေပါတယ်။
ယူနိုက်တက်အနေနဲ့ ဒီရာသီအစမှာ ပေါင် သန်း ၁၅၀ အထိ အသုံးပြုပြီး နောက်ခံလူ မက်ဂွဲယားနဲ့ ဝမ်ဘစ်ဆာ ကာ အစရှိတဲ့ ထိပ်တန်းကစားသမားတွေအပြင် အခြားကစားသမားတွေကိုပါခေါ်ယူပေးထားပါတယ်။