• ကြည့်ရှုသူ လေးသိန်းကျော်သွားတဲ့ "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင်

ဒါရိုက်တာ ရွှေရေးထင်ထင်ရဲ့ လက်ရာဖြစ်ပါတယ်။
image
 

စာရေးဆရာမ ရွှေရေးထင်ထင်ရိုက်ကူးထားတဲ့ "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင်ဇာတ်ကားဟာ ဆိုရင် Trailer ထွက်ရှိပြီး နှစ်ရက်အတွင်း မှာ ကြည့်ရှုသူ ပရိသတ် လေးသိန်းကျော် ရှိသွားခဲ့ပါပြီ။ သေသေချာချာ ပြောရမယ်ဆိုရင်   ကြည့်ရှုသူ ပရိသတ် (၄၈၆၀၀၀) ကျော် ရှိနေခဲ့တာပါ။

ဇွန်လ(၂၀)ရက်နေ့ ညပိုင်းက Official Trailer ကို  "ရာဇဝင်ရိုင်းခဲ့သည်" ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ယင်းဇာတ်ကားဟာ နှစ်ရက်အတွင်း ကြည့်ရှုသူ လေးသိန်းကျော်လောက်ကို ဖမ်းစားသွားနိုင်တဲ့ ဇာတ်ကားတစ်ကားလို့ ပြောရမှာပါပဲ။

image

ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲ 

အဲ့ဒီဇာတ်ကားမှာ ရွှေရေးထင်ထင်က ဒါရိုက်တာပိုင်းသာမက ဇာတ်လမ်းဇာတ်ညွှန်းပိုင်းကိုလည်း တာဝန်ယူထားတာပါ။ ဇေရဲထက်၊ ရဲအောင်၊ အောင်လေး၊ ဇင်ဇင်ဇော်မြင့်၊ ခင်ဇာခြည်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင်ဟာ ဇာတ်ကား Trailer မထွက်ခင် ရိုက်ကွင်းပုံရိပ်တွေ ပြန့်ကတည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

 

Trailer ထဲမှာဆိုရင် သရုပ်ဆောင် ဇေရဲထက်ရဲ့ ကာရိုက်တာ ပီပြင်မှုတွေနဲ့ ခင်ဇာခြည်ကျော်ရဲ့ ဇာတ်ကောင်ကာရိုက်တာအပေါ် စီးဝင်မှုတွေ ဟာ ပြောစရာမလိုအောင် ပီပြင်နေတာလည်း တွေ့ရပါတယ်။ Trailer ကို ကြည့်တာနဲ့တင် ဇာတ်ကားတစ်ခုလုံးကို ချက်ခြင်းပဲ သွားကြည့်ချင်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါ။ သာမန်အချစ်ကား ပုံစံလိုမျိုးမဟုတ်ပဲနဲ့ ပရိသတ်တွေ ကို ရသအသစ်တွေ ပေးဆောင်နိုင်မှာ အသေချာပါပဲ။

 

"ရာဇဝင်ရိုင်းခဲ့သည်"ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေအတွက် နောက်ထပ်ထူးခြားမှု တစ်ခုရှိပါသေးတယ်။ အဲ့ဒါက ပရိသတ်တွေနဲ့ နှစ်အတော်ကြာ ကင်းကွာနေတဲ့ သရုပ် ဆောင် ဇင်ဇင်ဇော်မြင့် တစ်ယောက် ဒီရုပ်ရှင်ဇာတ်ကားမှာ ပြန်လည် ပါဝင်သရုပ်ဆောင် ထားခြင်းပါ။  သူမဟာ မိသားစုနဲ့ စီးပွားရေးဘက်ကို အချိန်ပေးနေရပေမယ့်လည်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လို့ လာပါပြီ။

ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် (၆) ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရုံတင်ပြသတော့ မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က