သူက ဝန်ခံခဲ့ပြီးတော့ တောင်းပန်ပါတယ်ဆိုတဲ့စကားကို ထပ်တလဲလဲပြောကြားခဲ့ပါတယ်။

ကိုရီးယားအဆိုတော်နှစ်ဦးဖြစ်တဲ့ Jung Joon Young နဲ့ Big Bang အဖွဲ့ဝင် Seng-ri ကို ဒီနေ့မတ်လ ၁၄ ရက်နေ့မှာ မိန်းကလေးတွေရဲ့အဝတ်မဲ့ဓါတ်ပုံတွေကို Group chat ထဲမျှဝေခဲ့တာနဲ့ ပါတ်သတ်ပြီးတော့ ဆိုးလ်ရဲဌာနချုပ်ကနေ စစ်ဆေးခဲ့ပါတယ်။

Source -Mainichi

ဒီနေ့မနက်ပိုင်းမှာ ရုပ်သံစတား၊တေးရေးနဲ့ အဆိုတော် Jung Joon Young နဲ့ က ဆိုးလ်ရဲဌာနကို ရောက်ရှိလာပြီးတော့ သတင်းထောက်အယောက်ပေါင်း ၁၀၀ ကျော်က စောင့်ဆိုင်းနေတာကိုတွေ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် Jung ကအမျိုးသမီး ၁၀ ယောက်ထက်မနည်းနဲ့ လိင်ဆက်ဆံထားတဲ့ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို ခိုးရိုက်ထားပြီးအဲ့ဒီဓါတ်ပုံတွေကို သူ့ရဲ့သူငယ်ချင်းတွေရှိတဲ့ group chat ထဲကို ဖြန့်ခဲ့တာကြောင့် စစ်ဆေးခံနေရတာဖြစ်ပါတယ်။

“ ပြည်သူတွေကိုစိတ်ထိခိုက်စေခဲ့တဲ့အတွက် ကျွန်တော်အင်မတန်ဝမ်းနည်းမိပါတယ်။ကျွန်တော်ရဲ့ စစ်ဆေးမှုတွေကိုလည်း အမှန်အတိုင်းအစစ်ဆေးခံသွားပါ့မယ် ”လို့သူက ဒီနေ့မနက်ပိုင်းမှာပြောပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံခဲ့တဲ့ ဗွီဒီယိုတွေကိုခိုးရိုက်ခဲ့တယ်လို့ သူက ဝန်ခံခဲ့ပြီးတော့ တောင်းပန်ပါတယ်ဆိုတဲ့စကားကို ထပ်တလဲလဲပြောကြားခဲ့ပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ ရဲဌာနကိုရောက်လာတဲ့ Jung Joon Young

သူနဲ့အတူ သူငယ်ချင်းဖြစ်သူ Big Bang အဖွဲ့ဝင် Seung- Ri ကိုလည်းစစ်ဆေးခဲ့ပြီးတော့ သူ့ရဲ့ရင်းနှီးမြှုပ်နှံံသူတွေကို အမျိုးသမီးတွေနဲ့ အတူပျော်ပါးစေဖို့စေခိုင်းခဲ့တယ်ဆိုတဲ့ အချက်တွေနဲ့ ရင်ဆိုင်ဖို့ ဒီနေ့မနက်မှာ ရောက်ရှိလာပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်လုပ်ငန်းလို့ သတ်မှတ်ထားတဲ့ တောင်ကိုရီးယားမှာ ဒီဖြစ်စဉ်နဲ့ ပါတ်သတ်ပြီး ဝင်ငွေအကြီးမားဆုံးဖြစ်နေတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေအပေါ်ကို သက်ရောက်မှုရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Kakao talk group မှာပါဝင်တဲ့ အမျိုးသား ၈ ဦးမှာကျန်တဲ့နာမည်ကြီး k-pop အဆိုတော်တွေပါပါဝင်နိုင်တယ်လို့ ခန့်မှန်းနေကြပြီးတော့ ဒီဖြစ်ရပ်ကို SBS သတင်းဌာနက ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က