သွေးတွေနဲ့ တူလို့ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာတွေက ကွမ်းစားပြီး ကွမ်းတံတွေးကို စည်းကမ်းမဲ့ ထွေးတာတွေကြောင့် သွေးကွက်တွေနဲ့ တူနေလို့ ကိုရီးယာတချို့ကြောက်လန့်ခဲ့ကြကြောင်း SBS သတင်းဌာနကြီးကနေ ဖော်ပြသွားပါတယ်။

Photo - SBS



သြစတြေးလျအခြေစိုက် SBS သတင်းဌာနကြီးရဲ့ ကိုရီးယားဘာသာ အစီအစဉ်ကနေ ရုပ်သံထုတ်လွှင့် ဖော်ပြခဲ့တာဖြစ်ပြီး အင်ချွန်းမြို့ ဘူဖျောင်းဘူတာနားက ကွမ်းတံထွေးတွေကို ဖော်ပြခဲ့တာပါ။

ဘူဖျောင်းဘူတာနားမှာ အနီရဲတဲ့ အကွက်တွေကိုတွေ့ရပြီး ဘာလဲဆိုတာသေချာမသိတဲ့သူတွေက သွေးကွက်နဲ့ တူလို့ ကြောက်လန့်ကြတယ်ဆိုပြီး သတင်းတင်ဆက်သွားတာပါ။ နောက်ဆုံးအဖြေရှာကြတဲ့ အခါ မြန်မာလူမျိုးတွေ စားတဲ့ ကွမ်းတံထွေးကြောင့်ဆိုတာ သိရှိသွားခဲ့ရတယ်လို့ တင်ဆက်သွားပါတယ်။



အဲ့ဒီဘူတာနားမှာ မြန်မာဘုန်းကြီးကျောင်းတစ်ကျောင်းပေါ်ပေါက်လာပြီး မြန်မာစားသောက်ဆိုင်တွေ စတိုးဆိုင်တွေများလာတာကြောင့် ပိတ်ရက်တွေမှာ မြန်မာတွေရဲ့ စုဝေးရာဖြစ်လာတာပါ။ ပြီးတော့ ဘူတာနားမှာ ကွမ်းစားနေတဲ့ မြန်မာတွေကို အလွယ်တကူတွေ့ရတယ်ဆိုပြီး ဆိုပါတယ်။ ဒါကြောင့် အဲ့ဒီလို ကွမ်းတံတွေးထွေးတာကို တားမြစ်ဖို့ ရဲတွေက စည်းကမ်းချက်တွေ ချမှတ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာအဖွဲ့အစည်းတွေနဲ့ ဘူတာနားမှာ သန့်ရှင်းရေးလုပ်နေတယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က