• ကိုယ်ပိုင်ဆိုင်ချင်တဲ့ အချစ်ရေးမျိုး ရနေပြီဆိုတဲ့ မိုးယံဇွန်

ချစ်သူလေးကတော့ အရမ်းကို သဝန်တိုလွန်းတယ်တဲ့။

မိုးယံဇွန်က သူ့ရဲ့ အမိုက်စားခန္ဓာကိုယ် ကို အွန်လိုင်းပေါ်တင်လိုက်တဲ့ အချိန်မှာတော့ ချစ်သူရဲ့ သဝန်တိုခြင်းတွေ ခံလိုက်ရ တယ်လို့ ဆိုပါ တယ်။ သဝန်တို တတ်တဲ့ ချစ်သူလေးကိုလည်း မိုးယံဇွန်က သေသေချာချာ ရှင်းပြရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လက်ရှိ အချစ်ရေးက အရင်ကပုံစံထက် အများကြီး ကွဲပြားတယ်လို့ ပြောပါတယ်။

image


မိုးယံဇွန်ဟာ အဆီတွေ တက်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ် ကို တစ်လအတွင်းမှာ အမိုက်စားခန္ဓာကိုယ်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ အမိုက် စားခန္ဓာကိုယ် ကို အွန်လိုင်းပေါ်တင်လိုက်တဲ့ အချိန်မှာတော့ ချစ်သူရဲ့ သဝန်တိုခြင်းတွေ ခံလိုက်ရတဲ့ အကြောင်း Duwun media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' Six Pack နဲ့ ပုံတင်လိုက်တော့ စိတ်မချဘူးပေါ့၊ ကျွန်တော်က အင်္ကျီချွတ်ပြီးတော့ ပြလိုက်တယ်ဆိုရင် သူက သိပ်မကြည်ဘူး။ ကျွန်တော့်ကို ကွိုင်ရှာတာပေါ့နော်၊ လူတိုင်းကို ပြချင်လို့ ဒီလိုကစားတာလား ဆိုပြီးတော့ သိပ်မတော့ အဆင်မပြေဘူး၊ နည်းနည်းတော့ စိတ်ကောက်တာ တော့ ရှိတာပေါ့'' လို့ ဆိုပါတယ်။

Photo: Moe Yan Zun Fb


သဝန်တို တတ်တဲ့ ချစ်သူလေးကိုလည်း မိုးယံဇွန်က သေသေချာချာ ရှင်းပြရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူ့ထက် စီနီယာကျတဲ့ အနုပညာ ရှင်တွေဖြစ်တဲ့ သရုပ်ဆောင်နေတိုးနဲ့ သရုပ်ဆောင် ထွန်းထွန်း တို့ရဲ့ အချစ်ရေးကိုလည်း အားကျတဲ့အကြောင်း ပြောပြခဲ့ပါ သေးတယ်။

'' ကိုယ်က ယောကျ်ားလေးဆိုတော့ ဘာမှ မဖြစ်ဘူးလေ၊ အကျီၤမပါပဲ ဘောင်းဘီဝတ်ပြီး လမ်းလျှောက်သွားလည်း တင့်တယ်တယ်ပေါ့၊ ယောက်ျားလေးဖြစ်တဲ့အတွက် ယောကျ်ားလေးလိုပဲ နေလိုက်တာပါ လို့ ရှင်းပြရတယ်၊ ကိုနေတိုး တို့၊ ကိုထွန်းထွန်းတို့က ကျွန်တော်တို့ထက် စီနီယာကျလို့ သူတို့လမ်းကိုလျှောက်နေတာ သူတို့ပျော်ရင် ကျွန်တော်တို့လည်း ပျော်ရတာပေါ့'' လို့ ဆိုပါတယ်။

အမိုက်စားခန္ဓာကိုယ်ရဖို့ တစ်လအတွင်းလုပ်နိုင်ခဲ့တဲ့ မိုးယံဇွန် 

Photo: Moe Yan Zun Fb


မိုးယံဇွန်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ချိန်တုန်းကတော့ သတင်းတွေ အများကြီးထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးက အရင်ကပုံစံထက် အများကြီး ကွဲပြားတယ်၊ ပိုင်ဆိုင်ချင်တဲ့ အချစ်ရေးမျိုးကိုလည်း ရရှိထားတယ်လို့ ပြောပါတယ်။

'' ကိုယ်ပိုင်ဆိုင်ချင်တဲ့ အချစ်ရေးကတော့ ရပါတယ်။ ပျော်လည်းပျော်တယ်။ အရင်က အချစ်ရေးတွေနဲ့ ဘာမှမဆိုင်ဘူး တခြားစီ အရမ်းကွာ တယ်။ ကိုယ့်မှာ စိတ်ညစ်စရာရှိရင်တောင်မှ သူနဲ့ ပတ်သက်တဲ့ အချိန်တွေဆိုရင် အဲ့ဒီဟာတွေက ဘယ်နားရောက်လို့ ရောက်သွား မှန်းတောင် မသိဘူး'' လို့ ဆိုပါတယ်။

Photo: Moe Yan Zun Fb


အခုချိန်မှာတော့ မိုးယံဇွန်က အနုပညာအလုပ်တွေကို အရင်ကထက်ပို ကြိုးစားနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရုပ်သံဇာတ်လမ်း တွဲ တွေလည်း ရိုက်ကူးနေရပါပြီ။ မကြာသေးခင်ကလည်း ဒါရိုက်တာစတီးလ် ရိုက်ကူးတဲ့ နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးစီးခဲ့တာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က