ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပုံတူရုပ်တုကို ဗုဒ္ဓဖွားမြင်ရာဒေသ နီပေါနိုင်ငံ လုမ္ဗနီမှာ စိုက်ထူခဲ့ပြီး ရုပ်တုဖွင့်လှစ်ပွဲကို မေလ ၁၇ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Photo - Thant Myint-U
အဆိုပါ ရုပ်တုဖွင့်လှစ်ပွဲမှာ ဦးသန့်ရဲ့ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက အမှာစကားပြောကြားခဲ့ပြီး တိုင်းဝန်ကြီးချုပ် ရှန်ကာပိုုခ်ရာလ်၊ ခရီးသွားလာရေး ဝန်ကြီး လီလာဂီရိ၊ ဆရာတော်များ၊ မယ်သီလရှင်များ၊ နီပေါနိုုင်ငံဆိုုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းနေလင်းနှင့် အခြားအစိုုးရ အရာရှိတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဦးသန့်ဟာ လုဗ္မိနီသို့ ၁၉၆၇ ခုနှစ် ဧပြီလမှာ သွားရောက်လည်ပတ်ခဲ့ပြီး ဗုဒ္ဓဖွားမြင်ရာ ဒေသသို့ ရောက်ရှိခြင်းကြောင့် “ဘဝမှာ အရေးပါလှတဲ့ နေ့ရက်များထဲမှ တစ်ရက် ဖြစ်ခဲ့ရသည”် လို့ ဆိုခဲ့ပါတယ်။ ထိုစဉ်က လုုမ္ဗိနီနေရာဟာ အပစ်ပယ်ခံထားရနေချိန် ဖြစ်ခဲ့ပြီး ဦးသန့် နယူးယောက်သိုု့ ပြန်ရောက်ချိန်မှာတော့ လုုမ္ဗိနီစီမံကိန်းကြီးနဲ့အတူ လုုမ္ဗိနီကိုု အပြည်ပြည်ဆိုုင်ရာနေရာတစ်ခု ဖြစ်လာရေး လုုပ်ငန်းစဉ် စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Photo - Thant Myint-U
ဗုုဒ္ဓဖွားမြင်ရာ ဒေသကိုု ဗုုဒ္ဓဘာသာဝင်တွေအပြင် ဗုုဒ္ဓဘာသာဝင် မဟုုတ်သူတွေအတွက်ပါ ကြည်ညိုအားကျစရာ ဖြစ်လာစေရန်၊ ငြိမ်းချမ်းရေး၊ ခန္တီစတရားနှင့် ဖွံြ့ဖိုးရေးအတွက် အပြည်ပြည်ဆိုုင်ရာ သင်္ကေတ ဖြစ်လာစေရန် ဦးသန့်က ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ယခု စိုက်ထူခဲ့တဲ့ ဦးသန့်ရဲ့ ရုုပ်တုုကိုု ကတ်သ်မန်ဒူမြို့အနီးရှိ ရှေးဟောင်းမြို့တော် ပတန်မှ ကျွမ်းကျင်တဲ့ ကျောက်ဆစ်ပညာရှင်များက ထုုလုုပ်ခဲ့တာ ဖြစ်ပါတယ်။ ဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး အာရှနိုင်ငံသားတွေထဲမှာ အဆိုပါရာထူးအတွက် ပထမဆုံး ရွေးချယ်တာဝန်ပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။