• ကွယ်လွန်သူ စတိဗ်ဂျော့စ်ကို အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆု ချီးမြှင့်သွားမည်

ကြာသာပတေးနေ့မှာ ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်

အရပ်သားတွေကို ချီးမြှင့်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်ခံရသူ ၁၇ ဦး စာရင်းမှာ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ကွယ်လွန်ခဲ့တဲ့ Apple တည်ထောင်သူလည်း ပါဝင်နေပါတယ်။ 

အမေရိကန်သမ္မတရဲ့ လွတ်လပ်မှုဆိုင်ရာဆု Presidential Medal Of Freedom စာရင်းကို သောကြာနေ့က ဖတ်ကြားရာမှာ စတိဗ်ဂျော့စ်ကိုလည်း ဆုချီးမြှင့်ခံရသူစာရင်းမှာ သမ္မတဂျိုးဘိုင်ဒင်က ထည့်သွင်းကြေညာသွားခဲ့ပါတယ်။ Presidential Medal Of Freedom ဆုဟာ အရပ်သားတွေထဲက နိုင်ငံရဲ့ အမြင့်ဆုံးဆုအဖြစ် သမ္မတအိမ်တော်က ချီးမြှင့်တဲ့ ဆုဖြစ်ပြီး ဆုရရှိသူတွေဟာ နိုင်ငံရဲ့ ဝိညာဉ်လို အရေးပါသူတွေအဖြစ် ဖော်ညွှန်းခံရတာပါ။ 

image



၁၉၇၅ ခုနှစ်က Apple ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့စ်ဟာ ကုမ္ပဏီကနေ ၁၉၈၅ ခုနှစ်မှာ နှုတ်ထွက်ခြင်းမပြုမီအထိ ပထမဆုံး တစ်ကိုယ်ရည်သုံး ကွန်ပျူတာတွေရဲ့ ပင်မရေစီးကြောင်းတချို့ကို ဖွံ့ဖြိုးစေခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ Apple ကို ပြန်ရောက်ာလပြီး iPod နဲ့ iPhone အပါအဝင် ထုတ်ကုန်သစ်ဖွံ့ဖြိုးရေးပိုင်းကို ဦးဆောင်ခဲ့တဲ့ သူဟာ လက်ရှိ Disney ပိုင် အန်နီမေးရှင်းရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pxiar ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ 

စတိဗစ်ဂျော့စ်ဟာ အသက် ၅၆ နှစ်အရွယ် ၂၀၁၁ ခုနှစ်မှာ ကာလရှည်ခံစားနေရတဲ့ ပန်ကရိယကင်ဆာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ "သူ့အမျှော်အမြင် ၊ စိတ်ကူးယဉ်မှုနဲ့ ဖန်တီးနိုင်စွမ်းဟာ ကမ္ဘာကြီးရဲ့ ဆက်သွယ်မှုနည်းလမ်းတွေနဲ့ ကွန်ပျူတာ ၊ ဂီတ ၊ ရုပ်ရှင်နဲ့ ကြိုးမဲ့လုပ်ငန်းတွေကို ဆက်လက်ပြောင်းလဲစေမယ့် တီထွင်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ " လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်ဖြူတော်ဟာ The Presidential Medal Of Freedom ဆုရသူတွေကို လာမယ့် ကြာသာပတေးနေ့မှာ ဆုတံဆိပ်တွေ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပြီး ဒီထဲမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမား ဂျွန်မက်ကိန်း နဲ့ အော်စကာနှစ်ဆုရှင် ဟောလီးဝုဒ်မင်းသားကြီး ဒန်ဇဲလ်ဝါရှင်တန်တို့လည်း ပါဝင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က