မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အန်သိုနီမာရှယ်တို့ရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ပတ်သက်ပြီး စိတ်ပျက်မှုတွေ မြင့်တက်လာနေတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ဟာ ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေကြသူတွေဖြစ်ပြီး တစ်ဦးကို ၂ ဂိုးစီ သွင်းယူထားကြသူတွေဖြစ်ပါတယ်။ ချယ်ဆီးအသင်းကို အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ သရေ ၂ ပွဲနဲ့ ပဲလေ့စ်ကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
မန်ချက်တာယူနိုက်တက်နည်းပြဆိုးလ်ရှားက မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့အပေါ်မှာ ယုံကြည်မှု ထားထားဆဲဖြစ်ပေမယ့်ု The Athletic ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ၎င်းတို့ ၂ ယောက်အတွဲကို စိတ်ပျက်ဒေါသထွက်လာပြီဖြစ်တယ်လို့ သိရပါတယ်။
အထူးသဖြင့် နည်းပြဆိုးလ်ရှားဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အန်သိုနီမာရှယ်တို့ရဲ့ ဂိုးသွင်းစွမ်းရည်အပေါ် စိတ်ပျက်နေတာဖြစ်တယ်လို့ သိရပြီး မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ အသင်းရဲ့တိုက်စစ်မှာ ဂိုးသွင်းစွမ်းရည်မရှိသူတွေလို့ ခံစားနေရကြောင်း သိရပါတယ်။
နည်းပြဆိုးလ်ရှားဟာ လေ့ကျင့်ရေးမှာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို အနီးစပ်ဆုံး ဂိုးတိုင်အနားအထိ ပြေးသွားခိုင်းပြီး ဘောလုံးကို တစ်ချက်ထိရုံနဲ့ ဂိုးရရှိတာထက် ပိုပြီး ဂိုးသွင်းသေချာအောင် လေ့ကျင့်စေခဲ့တယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လကတည်းက ယနေ့အချိန်အထိ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပင်နယ်တီဧရိယာအတွင်း ၆ ကိုက်အကွာကနေ ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂူရိုကတော့ ၁၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တယ်လို့ သိရပါတယ်။