လက်ရှိပေးချေနေတဲ့လစာအတိုင်းပဲ ကမ်းလှမ်းသွားမှာပါ။

ဗာပူးအသင်းဟာ အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ချန်ဘာလိန်ကို လက်ရှိပေးချေနေတဲ့တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်းနဲ့ပဲ စာချုပ်သစ် ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း The Standard ရဲ့သတင်းအရ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချန်ဘာလိန်ဟာ ပြီးခဲ့တဲ့ရာသီအစမှာ အာဆင်နယ်အသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒဏ်ရာကြောင့် လီဗာပူးကစားသမားဘဝမှာလည်း ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။



ဒါပေမယ့်လည်း ချန်ဘာလိန်ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝချိန်မှာ အသင်းအတွက် အကျိုးသက်ရောက်မှုရှိကြောင်း ပြသနိုင်ခဲ့ပြီး ဆိုးရွားတဲ့ဒူးဒဏ်ရာမရရှိခင်မှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။

ချန်ဘာလိန်ဟာ ၂၀၁၈-၂၀၁၉ ရာသီအချိန်အများစုကို အနားယူခဲ့ရပြီး နောက်ဆုံးပွဲစဉ်အနည်းငယ်မှာသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချန်ဘာလိန်ဟာ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ၁၉ မိနစ်မှာ ၎င်းရဲ့အရည်အသွေးကို ပြသနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းက ချန်ဘာလိန်အတွက် စဉ်းစားပေးနေတာဖြစ်ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ရဲ့ ပြီးပြည့်စုံတဲ့ကစားသမားနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှုအတိုင်း ချန်ဘာလိန်ဟာ သက်လုံအပြည့်နဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ကစားသမားဖြစ်ပြီး တောင်ပံ၊ နောက်တန်းတောင်ပံနဲ့ ကွင်းလယ်တို့မှာပါ ကစားနိုင်သူဖြစ်ပါတယ်။

ယင်းအချက်တွေကြောင့် ချန်ဘာလိန်ကို လီဗာပူးအသင်းက ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာမယ့် လာမယ့်ရာသီမှာ အသင်းရဲ့အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကစားသွားစေမှာဖြစ်ပြီး အသင်းမှာ အချိန်ကြာကြာရှိစေဖို့အတွက် စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က