• Featured

    လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဥ်တွေအားလုံးကို ရပ်ဆိုင်းရတော့မလား?

ဘရန့်ဖို့ဒ်နည်းပြက ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ဖျက်သိမ်းဖို့ အကြံပြုခဲ့တာပါ။

လက်ရှိ ပရီးမီးယားလိဂ်မှာ ကလပ်အသင်းတွေက ကိုဗစ်ကူးစက်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး ပွဲစဥ်တွေ ရွှေ့ဆိုင်းရတဲ့အထိ အခြေအနေဆိုးလာခဲ့ပါပြီ။ ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်နဲ့စပါးပွဲကို ရွှေ့ဆိုင်းခဲ့ရသလို အင်္ဂါနေ့က ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ယူနိုက်တက်ပွဲကိုလည်း ယူနိုက်တက်ရဲ့ ကိုဗစ်ပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

image

လတ်တလောစာရင်းတွေအရ ပရီးမီးယားလိဂ်မှာ ကိုဗစ်ကူးစက်မှုပေါင်း (၄၂) ခုအထိ ရှိနေတယ်လို့ သိရပြီး စပါး၊ ယူနိုက်တက်၊ အက်စတွန်ဗီလာတို့ အဓိကခံစားနေရသလို အခု နောက်တိုးအနေနဲ့ မနေ့ညက ဘန်လေနဲ့ ဝက်ဖို့ဒ်ပွဲကို ရွှေ့ဆိုင်းခဲ့ရကာ နောက်ဆုံးသတင်းတွေအရ ချဲလ်ဆီးမှာလည်း ကိုဗစ်ပြဿနာတွေရှိနေပြီလို့ သတင်းထွက်နေပါတယ်။

image

အဲ့ဒါကြောင့်လည်း ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က “လာမယ့်တပတ်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ်တွေအားလုံးကို ဖျက်သိမ်းသင့်တယ်လို့ ကျနော်တို့ထင်ပါတယ်။ ကိုဗစ်ကူးစက်မှုက ပရီးမီးယားလိဂ်မှာ တော်တော်ဆိုးလာပြီး လူတိုင်းအတွက် ပြဿနာရှိလာပါပြီ”

“ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွေအပြင် ကာရာဘောင်ဖလားပွဲစဥ်တွေကိုလည်း ရွှေ့ဆိုင်းပြီး တပတ် ဒါမှမဟုတ် လေးငါးရက်လောက် လေ့ကျင့်ရေးကွင်းတွေကို သန့်ရှင်းရေးလုပ်ဖို့ အချိန်ယူသင့်ပါတယ်။ ဒါမှ ရောဂါကွင်းဆက်ပြတ်မှာပါ” လို့ အကြံပြုခဲ့ပါတယ်။

ဒီညမှာ ကစားမယ့် လက်စတာနဲ့စပါးပွဲကို ဖျက်သိမ်းပေးဖို့ နှစ်သင်းလုံးက တောင်းဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်က လက်မခံဘဲ ပုံမှန်အတိုင်း ကစားဖို့နဲ့ ပရိသတ်တွေကိုလည်း ပုံမှန်အတိုင်း ဝင်ခွင့်ပေးသွားမယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်မှာတော့ ကစားသမားနဲ့အသင်းဝန်ထမ်းပေါင်း (၁၉) ဦးအထိ ကိုဗစ် ကူးစက်ခံနေရပြီလို့ဆိုပါတယ်။

အဲ့ဒါကြောင့် လာမယ့်တပတ်မှာ ကစားမယ့် ယူနိုက်တက်နဲ့ဘရိုက်တန်ပွဲကိုလည်း ရွှေ့ဆိုင်းရဖို့ရှိနေပြီး အသင်းတွေမှာ ကိုဗစ်ပြဿနာတွေ ပိုမိုများပြားလာတာနဲ့အမျှ ပရီးမီးယားလိဂ်ပွဲစဥ်တွေ ပုံမှန်အတိုင်း ကျင်းပရေးကလည်း အခက်အခဲရှိလာခဲ့ပါပြီ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က