စူပါကွန်ပျူတာက လာမယ့် (၂၀၂၄-၂၅) ပရီးမီးယားလိဂ်ရာသီအတွက် ခန့်မှန်းချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီခန့်မှန်းချက်တွေမှာ မန်စီးတီးက ချန်ပီယံဖြစ်ပြီး အာဆင်နယ်က ဒုတိယပဲ ရမယ်လို့ ထွက်ပေါ်လာပါတယ်။
စူပါကွန်ပျူတာရဲ့ ထိပ်သီး (၄) သင်း ခန့်မှန်းချက်က ပြီးခဲ့တဲ့ရာသီနဲ့ ကြီးကြီးမားမား ကွာဟချက် မရှိပါဘူး။ ချန်ပီယံ မန်စီးတီး၊ ဒုတိယ အာဆင်နယ်နဲ့ နည်းပြသစ် အာနေးစလော့နဲ့ လီဗာပူးက တတိယနေရာမှာ ရပ်တည်နိုင်မယ်လို့ ဆိုထားပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ထပ်တစ်သင်းကတော့ ယူနိုက်တက်ဖြစ်မယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပါတယ်။ အဆင့် (၅) နေရာမှာတော့ ချဲလ်ဆီး၊ အဆင့် (၆) နေရာအတွက် အက်စတွန်ဗီလာ၊ အဆင့် (၇) အတွက် စပါးတို့ဖြစ်မယ်လို့လည်း ဆိုပါတယ်။
ဝက်စ်ဟမ်း၊ နယူးကာဆယ်၊ ဘရန့်ဖို့ဒ်တို့ကတော့ အဆင့် (၁၀) အထိ အစဉ်အတိုင်း ရပ်တည်သွားမှာပါ။ တန်းဆင်းရမယ့်အသင်းတွေကတော့ နော်တင်ဟမ်ဖောရက်စ်၊ ဝုလ်ဗ်၊ အစ်ဆွစ်ချ်တောင်းတို့ ဖြစ်တယ်လို့ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်တွေအရ သိရှိရပါတယ်။