• လအနည်းငယ်ပဲ တည်မြဲခဲ့တဲ့ လီဒေါင်ဝုနဲ့ ဆူဇီတို့အချစ်ရေး

လမ်းခွဲလိုက်ကြပြီတဲ့။

ယခုနှစ် မတ်လထဲကမှ ချစ်သူတွေဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။ အခုတော့ လမ်းခွဲလိုက်ကြပြီ ဖြစ်ကြောင်း နှစ်ဖက်စလုံးက အတည်ပြုလိုက်ပြန်ပါပြီ။

image

Photo : Soompi

 

ကိုရီးယားဆယ်လီစုံတွဲဖြစ်တဲ့ လီဒေါင်ဝုနဲ့ ဆူဇီတို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း JYP Entertainment က ဇူလိုင်လ ၂ ရက်နေ့က အတည်ပြုလိုက်ကြောင်း ကိုရီးယားသတင်းအေဂျင်စီ Soompi မှာ ဖော်ပြထားပါတယ်။

"ဆူဇီက လီဒေါင်ဝုနဲ့ လမ်းခွဲလိုက်ပြီဆိုတာ အမှန်ပါ။ သူတို့နှစ်ယောက်စလုံးက အလုပ်များလွန်းတဲ့အတွက် တွေ့ဆုံဖို့ ခက်ခဲတာကြောင့် ဒီလိုပဲ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်" လို့ JYP က ပြောခဲ့တာ ဖြစ်ပါတယ်။

လီဒေါင်ဝုရဲ့ အေဂျင်စီ King Kong by Starship ကလည်း အဲဒီအတိုင်းပဲပြောပြီး သူတို့နှစ်ဦး လမ်းခွဲကြောင်း အတည်ပြုလိုက်ပါတယ်။

"လီဒေါင်ဝုနဲ့ ဆူဇီတို့ လမ်းခွဲလိုက်တယ်ဆိုတာ အမှန်ပါ။ သူတို့နှစ်ယောက် အရမ်းအလုပ်ရှုပ်လုပ်တဲ့အတွက် တဖြည်းဖြည်း ဝေးကွာသွားခဲ့တာပါ" လို့ လီဒေါင်ဝုရဲ့ အေဂျင်စီက ပြောပါတယ်။

လီဒေါင်ဝု (Lee Dong Wook) ရော ဆူဇီ(Suzy)ရောက နောက်ထပ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေတယ်လို့ သိရပါတယ်။ လီဒေါင်ဝုက ဇူလိုင်လမှာ စတင်ပြသမယ့် "Life" ဇာတ်လမ်းတွဲ မှာ ပါဝင်နေတာဖြစ်ပြီး ဆူဇီကတော့ လီဆောင်ဂျီနဲ့အတူ သရုပ်ဆောင်ရမယ့် Vagabond ဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦး တွဲနေပြီဖြစ်ကြောင်း ယခုနှစ် မတ်လအတွင်းက အတည်ပြုခဲ့တာဖြစ်ပြီး 'သူတို့နှစ်ဦးက တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုသိရှိလာတဲ့ အစောပိုင်းအဆင့်တွေမှာ ရှိသေးတယ်' နှစ်ဖက်စလုံးက ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က