ဒူးဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးဖို့ လိုအပ်နေပြီး ကာလအတန်ကြာ အနားယူရဖို့ ရှိနေလို့ ဘာစီလိုနာမှာ ဆေးကုသမှု ခံယူစေမှာ ဖြစ်ပါတယ်။
ဘရိုက်တန်နဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ လာပို့တ်ကို မန်စီးတီးအသင်းကတော့ ဆေးကုသမှု ခံယူစေဖို့အတွက် ဘာစီလိုနာကို ပို့ဆောင်လိုက်ပြီလို့ Daily Mail က ဖော်ပြလာပါတယ်။
ဗဟိုနောက်ခံလူ လာပို့တ်ရဲ့ ဒူးဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပြီး ဘာစီလိုနာမှာ ကုသမှု ခံယူစေမှာဖြစ်ပါတယ်။
“ ဘရိုက်တန်နဲ့ပွဲမှာ လာပို့တ်က ကမ္ဘာ့အကောင်းဆုံး ခံစစ်မှုးဖြစ်ခဲ့ပါတယ်။ သူဆေးရုံမှာ မဖြစ်မနေ ကုသရပါ တော့မယ်။ဘာဆက်ဖြစ်လာမလဲဆိုတာ လုံးဝမသိရသေးပါဘူး။သူ့ကြည့်ရတာတော့ သိပ်မကောင်းဘူး။ လီရွိုင်းလို သိပ်မကြာပါစေနဲ့ပဲမျှော်လင့်ရမှာပဲ။” လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။
လာပို့တ် အနားယူသွားချိန်မှာပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျွန်စတုန်း ပြန်လည် သက်သာလာဖို့ ဂွါဒီ ယိုလာက မျှော်လင့်နေပါတယ်။
လာပို့တ် နားသွားခဲ့လို့ အဆိုပါပွဲမှာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုက အရေးပေါ် နောက်တန်း ဆင်းကစားခဲ့ရတယ် လို့လည်း သိရပါတယ်။
မန်စီးတီးကတော့ဒီနှစ်ထဲမှာ နောက်ခံလူ ကွန်ပနီကို ဆုံးရှုံးထားရသလို လီရွိုင်းဆာနေးကိုလည်း ဒဏ်ရာ ကြောင့် လက်လွှတ်ထားရပါတယ်။