အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ပင်ချက်များနဲ့အတူ ခက်ခဲတဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းလာခဲ့ရပေမယ့် Huawei ရဲ့ စမတ်ဖုန်းရောင်းအားကတော့ စံချိန်သစ်တင်ခဲ့ပါတယ်။
ရှန်းကျန့်အခြေစိုက် Huawei ဟာ ပြီးခဲ့တဲ့ မေလကုန်မှာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် တင်ပို့နိုင်ခဲ့တယ်လို့South China Morning Post မှာ ဖော်ပြထားပါတယ်။ မေလ ၃၀ ရက်နေ့အထိ Huawei နဲ့Honor ဖုန်းတွေရဲ့ရောင်းအားဖြစ်တဲ့ စမတ်ဖုန်းအလုံးရေ ၁ သန်းကျော်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအထိ ရောင်းအား ၊ ၂၀၁၇ စက်တင်ဘာ ရောင်းအားတွေနဲ့ညီမျှတယ်လို့ဒီတစ်ပတ်ထဲမှာပဲ Huawei ကုမ္ဗဏီဘက်မှ ထုတ်ပြန်ထားပါတယ်။

Photo: Huawei Central
၂၀၁၉ အတွက် Huawei ရဲ့ high-end မော်ဒယ်ဖြစ်တဲ့ Huawei P30 ဖုန်းတွေဟာ Huawei အတွက် စံချိန်တင် ရောင်းအားရခဲ့တဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ မတ်လကုန်ပိုင်းက ပဲရစ်မှာ ကြေညာသွားတဲ့ Huawei P30 ဖုန်းတွေဟာ ဈေးကွက်ထဲ ရောက်ပြီး ၈၅ ရက်အတွင်း အလုံးရေ ၁၀ သန်း ရောင်းချနိုင်ခဲ့တာ ဖြစ်လို့Huawei P20 မော်ဒယ်တွေရောင်းအား အလုံးရေ ၁၀ သန်း ပြည့်ဖို့ထက် ၂ လ တိတိ ပိုပြီး စောခဲ့တာ ဖြစ်ပါတယ်။
မေလလယ်ပိုင်းက အမေရိကန်ကုန်သွယ်ဌာနရဲ့ Entity List မှာ ထည့်သွင်းခံရပြီးနောက်မှာတော့ Huawei ဖုန်းတွေမှာ အမေရိကန်ရဲ့ ထုတ်ကုန်နဲ့နည်းပညာများ သုံးစွဲမှူ ပိတ်ပင်ခံရမယ့်အနေအထား ရောက်ခဲ့ပါတယ်။Huawei အမှူဆောင်တွေဟာလည်း ၂၀၁၉ စမတ်ဖုန်းရောင်းအားဟာ အလုံးရေ သန်း ၄၀ ကနေ ၆၀ အထိ ကျဆင်းဖို့ရှိတဲ့အတွက် ပြင်ဆင်နေတယ်လို့ဇွန်လဆန်းပိုင်းက Bloomberg သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီတစ်ပတ်သောကြာနေ့ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပတဲ့ G20 Summit မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံခဲ့ပြီး Huawei အတွက် လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းများကို အမေရိကန်ကုမ္ဗဏီတွေဆီမှ ဝယ်ယူခွင့်ပြုကြောင်းနဲ့Entity List က ဖယ်ရှားရေး အဆုံးအဖြတ်အတွက် အစည်းအဝေးတစ်ခု လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
Photo: IT Business Canada
Huawei ဟာ ကုမ္ဗဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ Mate 20X (5G) ကို လာမယ့် ဇူလိုင်လထဲ ယူအေအီးမှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး တရုတ် 5G ကွန်ရက်တွေမှာလည်း အသုံးပြုနိုင်ဖို့အတွက် လိုင်စင်ရထားပြီ ဖြစ်လို့မကြာခင် တရုတ်ဈေးကွက်မှာလည်း မိတ်ဆက်သွားမှာပါ။
Huawei ရဲ့ ပထမဆုံး ခေါက်သိမ်းနိုင် 5G စမတ်ဖုန်းဖြစ်တဲ့ Huawei Mate X ကတော့ လာမယ့် စက်တင်ဘာလထဲမှာ ရောင်းချသွားဖို့ရှိပြီး ဒီဇင်ဘာလထဲမှာတော့ Huawei Mate 30 5G ကို ဖြန့်ချိသွားဖို့ရှိပါတယ်။