လောင်ဇာတ်လမ်းတွဲမှာပရိသတ်မသိသေးတဲ့အချက်(၁၀)ချက်ကဘာများဖြစ်မလဲနော်...

မဟာ Mobile Application ကနေ သြဂုတ်လ ၂၇ရက်နေ့မှာ စတင်ပြသခဲ့တဲ့ "လောင်" ဇာတ်လမ်းတွဲကတော့ အခုဆိုရင် ပရိသတ်တွေကြားဇာတ်ရှိန်တက်လို့နေပါပြီ။ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ လောင်တကာ့လောင်မြိုက်စေမယ့် သရုပ်ဆောင်ချက်တွေအတူ " လောင်"ဇာတ်လမ်းတွဲကို ကြည့်မယ့်သူတွေနဲ့ ကြည့်နေသူတွေ သိထားသင့်တဲ့ လောင်နဲ့ပတ်သက်တဲ့ ထူးခြားချက်လေးတွေကို ပြောပြပေးချင်ပါတယ်။


၁။ ချောရတနာငိုတဲ့အိုက်တင်က သန္တာဗိုလ်တကယ်ငိုတဲ့ပုံစံအတိုင်းဖြစ်

လောင်မှာချောရတနာငိုထားတဲ့အိုက်တင်ဟာ ညီမဖြစ်သူ သန္တာဗိုလ်က အပြင်လက်တွေ့ဘဝမှာမိခင်ကြီးဆုံးပါးခဲ့ချိန်ကခံစားငိုကြွေးခဲ့တဲ့ပုံစံနဲ့ တစ်ထပ်တည်း တူညီနေတာပါ။​ လောင် ဇာတ်လမ်းတွဲမှာတော့ ချောရတနာက ထပ်တူခံစားငိုကြွေးထားတယ်လို့သိရပါတယ်။ 


၂။ သရုပ်ဆောင်ဖူးစုံရဲ့ပထမဆုံးComeback ဇာတ်လမ်းတွဲ


ဒီဇာတ်လမ်းတွဲမှာထူးခြားချက်တစ်ခုအနေနဲ့ တွေ့မြင်ရတာက သရုပ်ဆောင်ဖူးစုံလို့ ဆိုရမှာပါ။ ကားရိုက်တွေ လက်မခံတော့တာ ကြာပြီဖြစ်တဲ့ ဖူးစုံရဲ့သဘာဝဆန်တဲ့သရုပ်ဆောင်ချက်တွေကိုလွမ်းနေသူတွေ စိတ်ကျေနပ်မှုရစေမှာပါ။ လောင်က သူမ ပထမဆုံးရိုက်ကူးတဲ့ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။


 

၃။ အချစ်ဦးကိုပြန်သတိရသွားစေနိုင်တဲ့ ညီထွဋ်ခေါင်ရဲ့အကြည့်

အိမ်ထောင်မှာ လင်းညှို့ကာရိုက်တာကို ပီပြင်စွာသရုပ်ဆောင်ခဲ့နိုင်သလို လောင်မှာလည်း သတိုးကျော်အဖြစ် ကာရိုက်တာယူထားတဲ့ သရုပ်ဆောင်ညီထွဋ်ခေါင်က လောင်ထဲမှာသရုပ်ဆောင်ချက်တွေက ရူးလောက်စရာလို့ဆိုရမှာပါ။ နှစ်ပေါင်း(၂၅)နှစ် ကြာ ဝေးကွာနေခဲ့တဲ့အချစ်ဦးမိုးထိချေကို ပြန်တွေ့တဲ့အခါ အကြည့်တွေက ပီပြင်လွန်းလှတာမို့ ပရိသတ်တွေသဘောကျနှစ်ခြိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းလည်းဖြစ်ပါတယ်။ 


၄။ချောရတနာ တကယ်မူးခဲ့ရတဲ့ အားလုံးရူးကြစမ်း

ချောရတနာရဲ့ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်သွားတဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ မင်းလဲရူး၊ ငါလဲရူးအားလုံးရူးကြစမ်းဆိုတဲ့ အခန်းကို ဝိုင်အစစ်တွေသောက်ပြီး ရိုက်ခဲ့တာပါ။ တစ်နေကုန်လုံးမှ တစ််ခန်းပဲရိုက်ပြီးခဲ့တာဖြစ်ပြီး အဲဒီဇာတ်ဝင်ခန်းကိုလည်း တကယ်မူးပြီး သရုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ 


၅။ Love Scence မှာရှက်နေခဲ့တဲ့ ရှိန်းတင်ထူး 

နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ရှိန်းတင်ထူးကတော့ တွဲဖက်သရုပ်ဆောင်August Moe နဲ့Love Scence တွေမှာ ကောင်မလေးထက်ပိုပြီးရှက်နေခဲ့သူပါတဲ့။ (ဘာလို့များလဲနော်.. 😁)

၆။ရှိန်တင်ထူးအရှက်ဆုံးဖြစ်ခဲ့တဲ့ဇာတ်ဝင်ခန်းကဘာများလဲ

August Moe နဲ့Love Scence မှာပါတဲ့ " ရှက်လို့" လို့ပြောလိုက်တဲ့အခန်းကတော့ ရှိန်တင်ထူးရဲ့အရှက်ရဆုံးဇာတ်ဝင်ခန်းဖြစ်ပြီး ကြော်ငြာတွေတက်လာတိုင်းလည်း ရှက်နေရဆဲပဲလို့ဝန်ခံထားပါတယ်။


၇။ ထက်ထက်ထွန်းဇာတ်ကောင်ပီပြင်ဖို့ဘာတွေရင်းနှီးခဲ့လဲ

သရုပ်ဆောင်ထက်ထက်ထွန်းက အရှေ့မှာ ရိုက်ကူးခဲ့တဲ့ သမီးဆိုးနဲ့ အိမ်ထောင်ဇာတ်လမ်းတွဲနဲ့မတူဘဲ လောင်ထဲမှာ ရိုးရိုးထုံထုံအအ မိန်းကလေး အေးမြငြိမ်းကာရိုက်တာကို အကောင်းဆုံးပုံဖော်ထားတာတွေ့ရပါတယ်။ ဒါရိုက်တာအလိုကျ ဆံပင်တွေကို တိုအောင်ညှပ်ထားပြီးကာရိုက်တာပီပြင်အောင်အသက်သွင်းထားတာကို တွေ့ရပါတယ်။ 


၈။သုံးနှစ်ကျော်ကားရိုက်နားခဲ့တဲ့ ဆုအိမ့်စံရဲ့Comback "လောင်"

နောက်ထပ်ပရိသတ်တွေစောင့်မျှော်နေသူကတော့ သရုပ်ဆောင်လောကထဲကနေ ၃နှစ်ကျော်လောက်အနုပညာအလုပ်တွေရပ်နားထားတဲ့ သရုပ်ဆောင်ဆုအိမ့်စံပါ။ သူမကိုတော့ မတူထူးခြားကွဲ ပြားတဲ့ကာရိုက်တာ တစ်ခုနဲ့ လောင်မှာပထမဆုံးပြန်မြင်တွေ့ရတာကလည်းထူးခြားချက်တစ်ခုလို့ဆိုရမှာပါ။ 


၉။ချောရတနာနှစ်ခါထပ်မလုပ်နိုင်တော့တဲ့ဇာတ်ဝင်ခန်း

ချောရတနာရဲ့နောက်ထပ်Legendary Acting လို့တင်စားရမယ့်" ကြောက်လိုက်တာ" ဆိုတဲ့အိုက်တင်ဟာ နောက်ထပ်တစ်ခေါက်ပြန်သရုပ်ဆောင်ဖို့မဖြစ်နိုင်တော့တဲ့အထိ အားကောင်းခဲ့ပြီး ဒီလိုသရုပ်ဆောင်မှုကို လောင်ဇာတ်လမ်းတွဲထဲမှာသာ တွေ့မြင်ရမှာပါ။ 

၁၀။ သရုပ်ဆောင်နေရင်း မူးလဲသွားခဲ့ရတဲ့ တိုင်ရွန်

ဇနီးဖြစ်သူ အေးမြငြိမ်းကို အမေဖြစ်သူနဲ့ပေါင်းပြီး အိမ်တွင်းအကြမ်းဖက်နှိပ်စက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ခွန်ဇိုင်းဆိုတဲ့ကာရိုက်တာနဲ့ အပီပြင်ဆုံးသရုပ်ဆောင်ထားတဲ့ တိုင်ရွန်က ခွန်ဇိုင်းကာရိုက်တာဟာ သူ့အတွက် အင်မတန်စိတ်ပင်ပန်းရစေတဲ့ကာရိုက်တာတစ်ခုဖြစ်ခဲ့ပြီး သရုပ်ဆောင်နေရင်းနဲ့တောင် မူးလဲသွားတဲ့အထိဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က