• Lenovo လက်ပ်တော့သစ် ၂ မျိုး ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်

KMD အရောင်းစင်တာမှာ ဆက်သွယ်ဝယ်ယူနိုင်မှာပါ

နာမည်ကြီး laptop အမှတ်တံဆိပ်တစ်မျိုးဖြစ်တဲ့ Lenovo ရဲ့ ထုတ်ကုန်သစ်နှစ်မျိုးဖြစ်တဲ့ Lenovo Yoga 520 နဲ့Lenovo Ideapad 330 တို့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်မှာ မိတ်ဆက်ခဲ့ပါတယ်။

image
 

Lenovo Yoga 520 (14) ဟာ မျက်နှာပြင် ၁၄ လက်မရှိပြီး video chat ခေါ်ဆိုမှုအတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်စနစ်ကို ပံ့ပိုးပေးသွားမှာပါ။ ဒီလက်ပ်တော့ဟာ convertible လုပ်ထားချိန်မှာ တက်ဘလက်တစ်လုံးလို လုပ်နိုင်မယ့် 2-in-1 ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ laptop ကို တက်ဘလက်လို ပြောင်းသုံးဖို့အတွက် 360 ဒီဂရီ ပတ်ချာလည် ခေါက်နိုင်မယ့် ပတ္တာတစ်ခု သုံးထားတာပါ။

image
 

8th Gen Intel Core i5 နဲ့လာတဲ့ ဒီလက်ပ်တော့ဟာ ၁၀ နာရီနဲ့အထက် သုံးနိုင်မယ့် ဘက်ထရီစနစ်ပါရှိပြီး biometric နည်းပညာအနေနဲ့fingerprint scanner ၊ ပုံဆွဲရာ ၊ note မှတ်ရမှာ အဆင်ပြေပြေ သုံးလို့ရမယ့် Active Pen တစ်ချောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ၁.၇၅ ကီလိုဂရမ်ပဲ လေးတာ ဖြစ်လို့သွားလေရာမှာ ပေါ့ပေါ့ပါးပါး သယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီလက်ပ်တော့နဲ့အတူ မိတ်ဆက်ခဲ့တဲ့ တန်ဖိုးသင့် Lenovo Ideapad 330 ကတော့ မျက်နှာပြင် ၁၄ လက်မနဲ့၁၅.၆ လက်မဆိုပြီး နှစ်စားပါလာမှာပါ။ Dolby audio စနစ်ပါရှိပြီး ရုပ်ထွက်ကတော့ FHD resolution ဖြစ်တာကြောင့် ရုပ်ရှင်ဇာတ်ကား ကြည့်ရာမှာ စိတ်ကျေနပ်စရာ ကောင်းတဲ့ဖျော်ဖြေမှု ပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် DVD dirve တစ်ခုလည်း ပါတာကြောင့် သီချင်း ၊ ဇာတ်ကားတွေ ကို တိုက်ရိုက်ကူးယူကြည့်ရှုနိုင်မှာပါ။

Intel Quad Core processor နဲ့အတူ NVIDIA chip ကြောင့် ရုပ်ထွက် ကြည်လင်ပြတ်သားပြီး ဂိမ်းဆော့ရာ ၊ multitasking လုပ်ရာမှာ နိုင်နင်းမှု ရှိမယ်လို့ဆိုပါတယ်။ ဒီလက်ပ်တော့မှာတော့ အမည်းရောင် ၊ အပြာရောင်နဲ့မီးခိုးရောင် ကာလာ ၃ မျိုးနဲ့ထွက်ထားတာ ဖြစ်ပါတယ်။

 

ဈေးနှုန်းအနေနဲ့Lenovo Ideapad 330 ကို ၃၀၉ ဒေါ်လာဈေးမှ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး Lenovo Yoga 520 ကိုတော့ ၇၉၉ ဒေါ်လာဈေးကနေ KMD အရောင်းစင်တာများမှာ ဆက်သွယ်ဝယ်ယူနိုင်မယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က