ဆိုင်ကယ်လုယက်သူဟာ ကားတိုက်တဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတယ် လို့လည်း သိရပါတယ်။

လှိုင်သာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးမှာ မနေ့(ဒီဇင်ဘာ၁၄ရက်) ညပိုင်းက အမျိုးသားတစ်ယောက် ဆိုင်ကယ်လုယက်ခံရပြီးတဲ့အပြင် လုယူသူက ဓါးနဲ့လိုက်ထိုးတာကြောင့် ထွက်ပြေးရင်း ကားတိုက်ခံခဲ့ရတယ် လို့ ကူညီကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်ခဲ့တဲ့ မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ကိုကျော်ဇင်ဦး က ပြောပါတယ်။



"ည ရှစ်ခွဲကိုးနာရီလောက်မှာဖြစ်တာ ၊ သူ့ကို ဆိုင်ကယ်လုပြီးတော့ ဓါးနဲ့လိုက်ထိုးတော့ထွက်ပြေးတာပေါ့ ထွက်ပြေးရင်ကားလမ်းကို ကူးတဲ့အချိန် boc ဘက်ကလာတဲ့ကား က တိုက်မိတာပါ၊ ဆိုင်ကယ်က ပါသွားတယ်။ ရှစ်ခွဲ ကိုးလောက်က ဖြစ်တာ။ လူနာအခြေအနေ က လှိုင်သာယာဆေးရုံမှာပြတာ။ ခါးနား တင်ပဆုံရိုးနားအက်သွားတယ်။ မြောက်ဥက္ကလာဆေးရုံပို့ထားတယ် " လို့ ကိုကျော်ဇင်ဦးကပြောပါတယ်။

ဆိုင်ကယ်လုယက်သူဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး ကားတိုက်တဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတယ် လို့လည်း သိရပါတယ်။

"တကယ်ဆိုးတဲ့နေရာ။ ဆောက်လုပ်ရေးမှတ်တိုင်ကျော်ကျော်နဲ့ မီးခွက်စျေးမှတ်တိုင်ကြ ခဏခဏလုနေတဲ့နေရာဖြစ်တယ်။ ဆိုင်ကယ်လု ၊ ဖုန်းလု ၊ ဆွဲကြိုးဖြတ်ပြေး ခဏခဏကြားနေရတယ်။ ပြီးတော့ လှိုင်သာယာထဲမှာဘဲ ရွှေလင်ပန်းစက်မှုဇုန်ဘက်တွေ လူပြတ်တဲ့နေရာတွေဆို ဖုန်းလုတာတွေက ခဏခဏပဲ။ ယောက်ျားလေးတစ်ယောက်ထဲဆို အုပ်စုလိုက် ဓါးပြတိုက်သလို အနုကြမ်းစီးတာတွေလည်း ရှိတယ် " လို့ လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

ယခုဖြစ်ပွားတဲ့ လုယက်ခံရတဲ့နေရာက‌ လှိုင်သာယာမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင် နဲ့ မီးခွက်စျေးမှတ်တိုင်ကြားဖြစ်ပြီး လုယက်မှုခဏခဏဖြစ်တာတွေကြားနေရတာကြောင့် သတိထားသွားလာကြဖို့ လည်း မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ကိုကျော်ဇင်ဦးက အကြံပြုထားပါတယ်။

Share

Loading Next Article...
က္က