(၆) ဦးရဲ့ ဓာတ်ခွဲအဖြေမှာ ရောဂါပိုးမတွေ့ရှိထားပါဘူး။

လှိုင်သာယာမြို့နယ်နဲ့ တာမွေမြို့နယ်တို့က ကျန်းမာရေးစစ်ဆေးမှုတွေအပြီး နှစ်မြို့နယ်လုံးမှာ ရောဂါလက္ခဏာသံသယရှိသူ (၁၀) ဦးတွေ့ရှိခဲ့ပြီး လှိုင်သာယာမြို့နယ်က သံသယလူနာ (၆) ဦးရဲ့ ဓာတ်ခွဲစစ်ဆေးမှုမှာတော့ ရောဂါပိုးမတွေ့ဘူးလို့ သိရပါတယ်။

Photo- မေလ ၁၆ ရက်က လှိုင်သာယာမြို့နယ်မှာ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့စဉ်။



မေလ ၁၆ ရက်က လှိုင်သာယာမြို့နယ်တွင်း လူပေါင်း ၁ သိန်း ၄ သောင်းကျော်ကို တစ်အိမ်တက်ဆင်းကိုယ်အပူချိန်တိုင်းတာ ၊ ရောဂါရာဇဝင်စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ရာ ရောဂါလက္ခဏာ သံသယရှိသူ (၆) ဦးတွေ့ရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့တာပါ။ ဓာတ်ခွဲစစ်ဆေးချက်အရ လူနာ (၆) ဦးစလုံးမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မေလ ၁၇ ရက် ည ၈ နာရီထုတ်ပြန်ချက်အရသိရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။

“ သံသယလူနာ ၆ ဦးကို ဆေးရုံပို့ဆောင်ပြီး နှာခေါင်းတို့ဖတ်ယူကာ ဓာတ်ခွဲစစ်ဆေးခဲ့ပါတယ်။ မနေ့ည ထုတ်ပြန်ချက်မှာ လူနာ ၆ ဦးစလုံး Negative ပါ” လို့ ဦးမြတ်မင်းသူက ဆိုပါတယ်။

တာမွေမြို့နယ်အတွင်းက ရပ်ကွက် (၁၆) ခုမှာတော့ လူပေါင်း တစ်သိန်းကျော်ကို မေလ ၁၇ ရက်က ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ ကိုယ်အပူချိန် မြင့်တက်သူ ၁၄ ဦးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ၁၄ ဦးအနက် ၁၀ ဦးကို ပြန်လည်စစ်ဆေးရာမှာတော့ ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်သွားခဲ့ပေမယ့် ၄ ဦးကိုတော့ ကွာရန်တင်းစင်တာကို ပို့ဆောင်လိုက်တယ်လို့ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် က Duwun ကိုပြောပါတယ်။

“ ကိုယ်အပူချိန် မြင့်တက်သူ ၁၄ ဦး ရှိခဲ့တယ်။ ၁၀ ဦးကတော့ ပုံမှန်ပြန်ဖြစ်သွားတယ်။ ကျန်တဲ့ ၄ ဦးကိုတော့ ကွာရန်တင်းစင်တာကိုပို့လိုက်ပါတယ်” လို့ ဆိုပါတယ်။ အင်းစိန်မြို့နယ်မှာလည်း ပိုးတွေ့လူနာအများဆုံးရှိတဲ့ ရပ်ကွက် ၄ ခုမှာ လူဦးရေ ငါးသောင်းဝန်းကျင်ကို မေလ ၆ ရက်နေ့က ကျန်းမာရေးစစ်ဆေးမှုတွေအပြီး ရောဂါလက္ခဏာ သံသယရှိသူ ၁၆ ဦးကို ကွာရန်တင်းစင်တာကိုပို့ဆောင်ပြီးစစ်ဆေးခဲ့ရာမှာလည်း ၁၆ ဦးစလုံး ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

ပိုးတွေ့လူနာအများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ ရောဂါရှာဖွေရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်တဲ့အနေနဲ့ အခုလို မြို့နယ်တစ်ခုချင်းစီအလိုက် ကွင်းဆင်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ မေလ ၁၈ ရက် မနက် ၈ နာရီအထိတစ်နိုင်ငံလုံးမှာ ပိုးတွေ့လူနာ ၁၈၇ ဦးရှိတဲ့အနက် ရန်ကုန်တိုင်းမှာတော့ အများဆုံးဖြစ်ပြီး ၁၄၉ ဦးရှိနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က