ပွဲစဉ်၉ပွဲကို ရက်သတ္တပတ် ၆ပတ်အတွင်း အပြီးကျင်းပဖို့ရှိနေတာပါ။

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ အပြီးသတ်ညှိနှိုင်းမှုတွေအရ ဇွန်လအတွင်း အပြီးသတ်ကျင်းပနိုင်ဖို့ဆုံး ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဧပြီ ၃ဝရက်နေ့အထိ ရွှေ့ဆိုင်းထားမှာဖြစ်တယ်လို့ အတည်ပြုကြေညာထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလာ မယ့် ဇွန်လအတွင်း ပြန်လည်ကျင်းပမယ်လို့ အတည်ပြုခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဆုရယူနိုင်မယ့် အိပ်မက်ပြန်လည်အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်တယ်လို့ telegraph ရဲ့ဖော်ပြချက်အရသိရ ပါတယ်။

လက်ရှိအမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ လက်ကျန်ပွဲစဉ် တွေထဲကနေ ပွဲစဉ် ၂ပွဲအနိုင်ရရှိရုံနဲ့ နှစ် ၃ဝကြာဝေးကွာခဲ့တဲ့ အမှတ်ပေးချန်ပီယံဆုဖလားကို ဇွန်လအတွင်းမှာ သေချာပေါက်ရယူနိုင်တော့မှာဖြစ်တယ်လို့လည်း dailymail က သုံးသပ်ဖော်ပြထားပြန်ပါတယ်။



၂၀၁၉-၂၀ ဘောလုံးရာသီအတွက် ပွဲစဉ်ပေါင်း ၉ပွဲကျန်ရှိနေသေးတာဖြစ်ပြီး လက်ကျန်ပွဲစဉ်အားလုံးကို ဇွန် ၁ရ က်နေ့ကစပြီး ကျင်းပမှာဖြစ်သလို ရက်သတ္တပတ် ၆ပတ်အတွင်း အပြီးကျင်းပသွားမှာဖြစ်တယ်လို့လည်း သတင်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။

အစောပိုင်းကာလမှာ ဧပြီ ၃ဝနောက်ပိုင်း ကျင်းပဖို့လျာထားခဲ့ပေမယ့် ချက်ခြင်းပြန်လည်ကျင်းပနိုင်ဖို့မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ကိုပါအမေရိကဖလား၊ ဥရောပဖလားပြိုင်ပွဲများရွှေ့ဆိုင်းထားတဲ့ ဇွန်လအတွင်း ကျင်းပဖို့ဆုံး ဖြတ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိရပ်တည်မှုတွေအတိုင်း ရာသီပိတ်သိမ်းဖို့ ဖိအားပေးတောင်းဆိုမှုတွေရှိနေပေမယ့် ပရီးမီးယားလိဂ်တာဝန် ရှိသူတွေအနေနဲ့ ရုပ်သံထုတ်လွှင့်မှုများကြောင့် နောက်ဆုံးအချိန်အထိညှိနှိုင်းပြီးမှ ဇွန်လအတွင်းပြန်လည်ကျင်း ပဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး သြဂုတ်လမှာကျင်းပဖို့လျာထားတဲ့ ၂၀၂၀-၂၁ ရာသီကျင်းပဖို့ အတွက်က တော့ အခက်အခဲအချို့ရှိလာနိုင်တယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က