ပေါင် ၇ သိန်းခွဲအထိ ရရှိခဲ့တာပါ။

ပရီးမီးယားလိဂ်ပွဲ ၂၂ပွဲနဲ့ အခြားပြိုင်ပွဲ ၄ပွဲအထိ စုစုပေါင်း ၂၆ ပွဲပေးဂိုးမရှိခဲ့ရာမှာ ဗန်ဒိုက်က အဓိကနောက်ခံလူနေရာကနေ ပါဝင်နိုင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အသင်းကို ပြိုင်ပွဲစုံပေးဂိုးမရှိပွဲပေါင်း ၂၆ ပွဲအထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် နောက်ခံလူဗန်ဒိုက်ဟာ အပိုဆုကြေးငွေ ပေါင် ၇သိန်းခွဲအထိ ရရှိခဲ့တယ်လို့ Give Me Sports ကဖော်ပြသွားခဲ့ပါတယ်။ ဗန်ဒိုက်အနေနဲ့ လက်ရှိမှာ သူရရှိနေတဲ့ တစ်ပတ်လုပ်ခလစာရဲ့ ၆ ဆနီးပါးအထိ ရရှိခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး စာချုပ်ပါသဘောတူညီချက်အရ လီဗာပူးလ်အသင်းက ပေးချေခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲ ၂၂ပွဲနဲ့ အခြားပြိုင်ပွဲ ၄ပွဲအထိ စုစုပေါင်း ၂၆ ပွဲပေးဂိုးမရှိခဲ့ရာမှာ ဗန်ဒိုက်က အဓိကနောက်ခံလူနေရာကနေ ပါဝင်နိုင်ခဲ့ပါတယ်။ အသင်းခံစစ်ပိုင်းကိုလည်း ဦးဆောင်ကစားပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီခဲ့ရာမှာလည်း ဗန်ဒိုက်က တစ်ပတ်လုပ်ခပေါင်နှစ်သိန်းအထိ ရရှိဖို့ ရှိနေပါတယ်။ ကစားသမားအတွက်တော့ သတင်းကောင်းတွေကို ဆက်တိုက်ကြားနေရတာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းပြသမှုအတွက် ကြီးမားတဲ့အကျိုးခံစားခွင့်တွေကို ပြန်လည်ရရှိနေပြီလည်း ဖြစ်ပါတယ်။

ဗန်ဒိုက်ရဲ့ ခြေစွမ်းပြသမှုက သူ့ကို ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ဥရောပရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေကို ဆွတ်ခူးနိုင်စေခဲ့ပြီး The Best ဆုနဲ့ ဘလွန်းဒီအော်ဆုတွေကိုပါ ထပ်မံရရှိနိုင်ဖို့ ရေပန်းအစားဆုံးကစားသမားအဖြစ် ရပ်တည်စေနိုင်ခဲ့ပါတယ်။ အဆိုပါဆုတွေအတွက်တော့ ဗန်ဒိုက်က မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ အပြိုင်ဖြစ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က