ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က မနေ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး လီဗာပူးကသာ ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်နေဆဲလို့ဆိုတဲ့ အိုဝင်ကို ထိထိမိမိ တုံ့ပြန်သွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ နောက်ဆုံးအချိန်ထိ ဖလားလေးလုံးမျှော်လင့်ခွင့်ရှိခဲ့တဲ့အသင်းပါ။
ကာရာဘောင်နဲ့အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုပါ လီဗာပူးက ဆက်တိုက် ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဥ်မှာ မန်စီးတီးက အနိုင်ရပြီး လီဗာပူးတို့ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်လိုက်ရပါတယ်။ အဲ့ဒီနောက် အခု ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ထပ်မံရှုံးနိမ့်ခဲ့ရတာပါ။
ဒါပေမယ့်လည်း ဒီပွဲအပြီးမှာ အိုဝင်က “လီဗာပူးက အခုချိန်အထိ ဥရောပရဲ့ အကောင်းဆုံးအသင်းတသင်းဖြစ်နေဆဲပါ” လို့ ပြောကြားခဲ့ပါတယ်။ BT Sport ရဲ့ ရုပ်သံထုတ်လွှင့်ရေး အစီအစဥ်မှာ အိုဝင်က အခုလိုမျိုး ပြောကြားခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း အိုဝင်ရဲ့ ပြောစကားကို ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်က အခုလိုပဲ တုံ့ပြန်လာပါတယ်။
ဖာဒီနန်က “နောက်ဆုံးနှစ်ပတ်အတွင်းမှာ အမှတ်ပေးချန်ပီယံဆုရော၊ ချန်ပီယံလိဂ်ဖလားရော လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အသင်းကို ခင်ဗျား ဘယ်လိုကြောင့် ဥရောပရဲ့ အကောင်းဆုံးအသင်းလို့ ပြောနိုင်တာလဲ” လို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အိုဝင်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် သူ့ရဲ့ ခန့်မှန်းချက်မှာလည်း လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို နိုင်မယ်လို့ဆိုခဲ့တာပါ။
လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဂိုး ဒါမှမဟုတ် ၃-၀ ဂိုးနဲ့ အနိုင်ရမယ်လို့ အိုဝင်တယောက် ခန့်မှန်းခဲ့ပြီး သူ့ရဲ့ ခန့်မှန်းချက်က လုံးဝကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ရီးရဲလ်မက်ဒရစ်ကတော့ ဒီရာသီ း အအောင်မြင်ဆုြစ် ဆုဖလား သိမ်းပိုက်နိုင်ခူးတော့ ကော်တားပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်စီးတီး၊ လီဗာပူးတို့ကို ကျော်ဖြတ်ပြီး (၁၄) ကြိမ်မြောက်အဖြစ် ဆုဖလား သိမ်းပိုက်နိုင်ခဲ့ပါတယ်။