တနင်္ဂနွေနေ့ ည ၁၀ နာရီမှာ ကစားမှာပါ။

လီဗာပူးအသင်းက ၈ပွဲဆက်အနိုင်နဲ့အတူ အိုးထရက်ဖို့ဒ်ကို လာကစားမှာဖြစ်ပြီး ဒီစကားကိုတော့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ပြောခဲ့တာပါ။

တနင်္ဂနွေနေ့ညမှာ ကစားရမယ့် လီဗာပူးနဲ့ပွဲက မန်ချက်စတာယူနိုက်တက် ကစားသမားတွေကို သမိုင်းမှတ်တမ်း ဝင်မေယ့် ပွဲတစ်ပွဲဖြစ်လာစေခဲ့ပြီလို့ နည်းပြ ဆိုးလ်ရှားက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



လီဗာပူးအသင်းက ဒီနှစ် ပရီးမီးယားလိဂ် ၈ ပွဲကစားအပြီး ၈ ပွဲစလုံး အနိုင်ယူထားနိုင်တဲ့အသင်းပီပီ အမှတ်ပေးဇယားကိုလည်း ဦးဆောင်နေတဲ့အသင်းဖြစ်ပါတယ်။



“ လီဗာပူးနဲ့ပွဲက အမြဲတမ်း ပွဲကြီးပွဲကောင်းဖြစ်နေမှာပါ။ အခုတစ်ကြိမ်ကတော့ ကျွန်တော်တို့အတွက် အခွင့်အရေးပါပဲ။ ဒါ့အပြင် သမိုင်းမှတ်တမ်းထဲထိဝင်စေမယ့်ပွဲဖြစ်လာမှာပါ။ဘာလို့လဲဆိုတော့ သူတို့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်သလို သရေကျခဲ့မယ်ဆိုရင်လည်းသူတို့ရဲ့ နိုင်ပွဲဆက် စံချိန်ကို ရပ်တံ့နိုင်မှာ ဖြစ်ပါတယ်။” လို့ ဆိုးလ်ရှားက ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၈ ပွဲကစားပြီးချိန်မှာ ၂ပွဲသာနိုင်ပြီး ၃ ပွဲ သရေ ၃ ပွဲရှုံးထားလို့ အဆင့် ၁၂ နေရာမှာ တန်းဆင်းဇုန်က အသင်းထက် ၂ မှတ်အသာနဲ့ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က