မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ အပူချိန် ကျဆင်းနေပြီဖြစ်ပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့မှာတော့ အပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အအေးပိုင်းဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ လွိုင်လင်မြို့မှာ အမြင့်ဆုံးအပူရှိန်စံချိန်တင်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ မေလ(၁)ရက်နေ့တိုင်းတာချက်အရ အမြင့်ဆုံးအပူရှိန် ၃၆.၁ဒီဂရီစင်တီဂရိတ်ထိရှိခဲ့တာပါ။
နှစ်ပေါင်း(၅၃)နှစ်အတွင်း လွိုင်လင်မှာ အမြင့်ဆုံးစံချိန်တင်ခဲ့ြ့ပီး ယခင်စံချိန်ဟောင်းက ၂၀၁၀ခုနှစ်က အပူချိန် ၃၅.၅စင်တီဂရိတ်ရှိခဲ့ကြောင်း ဒီနေ့ မေလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိတိုင်းဒေသကြီးပြည်နယ်တချို့မှာ အပူချိန်တွေကျဆင်းလျှက်ရှိနေသလို ရန်ကုန်တိုင်းဒေသကြီးမှာလည်း မေလ(၁)ရက်နေ့က မိုးရွာသွန်းပြီးနောက်ပိုင်း အပူချိန်ကျဆင်းလျှက်ရှိပါတယ်။
မေလ(၁)ရက်နေ့ နေ့လယ်က ရန်ကုန်မြို့မှာ မိုးရွာနေစဉ်
" မြန်မာနိုင်ငံအတွင်းရှိဒေသတစ်ချို့မှာတစ်ပတ်အတွင်းအပူချိန်တွေကျဆင်းနိုင်ပြီး မိုးရွာပြီးနောက်ပိုင်းမှာ အပူချိန်တဖြည်းဖြည်းကျဆင်းနိုင်တယ်လို့" လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဧပြီလ ၃၀ ရက်က Duwun ကို ဖြေကြားခဲ့ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာရဲ့ မေလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်းကိုလည်းထုတ်ပြန်ကြေညာထားပါတယ်။