ရွှေထူးကတော့ ရွှေမှုံရဲ့အကြိုက်ကို လုံးဝသိတဲ့ ခင်ပွန်းတစ်ယောက်လိုု့ ပြောရမှာပါပဲ။ ရွှေမှုံလိုချင်တဲ့ အိတ်လေးကို Anniversary အမှတ်တရအဖြစ် လက်ဆောင်ပေးခဲ့တာတဲ့။
Photo : Nay Min Tun
အဆိုတော် ရွှေထူးကတော့ ဇနီးဖြစ်သူလိုချင်တဲ့ လက်ဆောင်လေးနဲ့ Surprise လုပ်ခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ Anniversary အမှတ်တရအဖြစ် ရွှေမှုံလိုချင်တဲ့ Limited အိတ်လေးနဲ့ လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
“ဒီအိတ်လေးကို လိုချင်နေတာ ၂ လလောက်ရှိပြီ ဝယ်မယ်ဝယ်မယ်နဲ့ မဝယ်ဖြစ်ဘူး very limited ကို သူဘယ်လိုမှာပေးလဲမသိ but finally he give me anniversary present မိန်းလိုချင်တာလေးကို surprise လုပ်ပေးလို့ ကျေးဇူးပါ ယောကျာ်းရယ် အရမ်းချစ်တယ်နော်” ဆိုပြီး ဧပြီ(၁၂) ရက်နေ့က ရွှေမှုံရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : Nay Min Tun
ရွှေထူးကတော့ ဇနီးကိုအရမ်းချစ်တတ်လွန်းပြီး ဇနီးအကြိုက်ကိုသိတဲ့ ခင်ပွန်းတစ်ယောက်လို့ ပြောရမှာပါပဲ။ ရွှေထူးနဲ့ ရွှေမှုံက လက်ရှိမှာ ဂျပန်နိုင်ငံကို ရောက်နေတာပါ။ သင်္ကြန်အတွင်း ဂျပန်မှာသွားပြီး အပန်းဖြေနေကြတာဖြစ်ပါတယ်။ ရွှေမှုံဟာ ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် ဘေးနားကနေ ပါရမီဖြည့်ပေးနေတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်သလို ရွှေထူးကလည်း ရွှေမှုံအတွက် အသေးစိတ်ကအစ ဂရုစိုက် ချစ်တတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။
Photo : ရွှေမှုံ
အခုဆိုရင် ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်သက်တမ်းက (၅) လပြည့်သွားခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အားလုံး အားကျရတဲ့ အိမ်ထောင်ရေးပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုစိုက်ချစ်တတ်ပြီး အမှတ်တရနေ့လေးတွေမှာလည်း အပြန်အလှန် လက်ဆောင်တွေပေးတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။
အရမ်းချစ်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသလို ဝေဖန်သူတွေရဲ့ အပြစ်တင် ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ တွေ့ရပါတယ်။
Photo : Amazing grace
သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၂၀၁၈ခုနှစ်၊ နိုဝင်ဘာ(၉) ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ(၁၁) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ သိရပါတယ်။