အားလုံးကို အသွားအလာကန့်သတ်စောင့်ကြည့်ထားတာဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ ပိတ်မိပြီး အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၂၀၃၇ ဦးကို ပြန်လည်ခေါ်ဆောင်ထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အစိုးရက မေလဆန်းပိုင်းကစလို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ယူခဲ့ရာ အခုဆို ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ဗီယက်နမ်၊အိန္ဒိယ၊ ယူအေအီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ဖိလစ်ပိုင်၊ ကိုရီးယား၊ အမေရိကန်၊ အီတလီ၊ ဗြိတိန်၊ ကာတာနိုင်ငံစတဲ့ ပြည်ပနိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတွေဝင်ရောက်လာနေကြတာပါ။

Photo- MOFA (ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားများကို တွေ့ရစဉ်)

ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရကစီစဉ်ပေးထားတဲ့ ကွာရန်တင်းစင်တာတွေမှာ ၂၁ ရက်ကြာ အသွားအလာကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မေလ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ ငါးရက်အတွင်း ပြည်ပက ပြန်လာသူ ၁၇ ဦးမှာ COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိထားတယ်လို့ သိရပါတယ်။

အဆိုပါ ၁၇ ဦးထဲမှာ ၉ ဦးကတော့ မလေးရှားနိုင်ငံက ပြန်လာသူတွေဖြစ်ပြီးတော့ ၈ ဦးကတော့ ယူအေအီးနိုင်ငံက ပြန်လာသူတွေ ဖြစ်ပါတယ်။

ပြည်ပကပြန်လာသူတွေထဲမှာ မလေးရှားနိုင်ငံကကူးစက်မှုအများဆုံးဖြစ်နေတာကို တွေ့ရတာကြောင့် မေလ ၂၀ ရက်နေ့က မလေးရှားကနေ ဒုတိယအသုတ် ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က