လမ်းပတ်ကတော့ ချဲလ်ဆီးကို တာဝန်ယူဖို့ ဆွေးနွေးနေပါပြီ။

ဂျွန်တယ်ရီကတော့ လမ်းပတ်နဲ့ ချဲလ်ဆီးမှာ ၁၃ နှစ်ကြာ အတူတွဲဖက်ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင် ဟောင်းတစ်ဦးဖြစ်ပြီး လမ်းပတ် ချဲလ်ဆီးကို နည်းပြမယ့်အပေါ်မှာ မှတ်ချက်စကား ဆိုလိုက်တာဖြစ်ပါတယ်။

ဒါဘီအသင်းထက် ချဲလ်ဆီးအသင်းကို နည်းပြဖို့က အကောင်းဆုံးရွေးချယ်မှု ဖြစ်တယ်လို့ အသင်းဖော်ဟောင်း ဂျွန်တယ်ရီက လမ်းပတ်ကို အကြံပြုခဲ့တယ်လို့ BBC SPROTက ဖော်ပြပါတယ်။

ဒါဘီနည်းပြဖြစ်နေတဲ့ လမ်းပတ်အနေနဲ့ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းကို နည်းပြဖို့အတွက် လက်ရှိမှာအသင်းနဲ့ ဆွေးနွေးညှိုနှိုင်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး နည်းပြဖြစ်လာမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီအချိန်မှာတော့ လမ်းပတ်ရဲ့အသင်းဖော်ဟောင်းလည်းဖြစ် ချဲလ်ဆီးရဲ့ အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ ဂျွန်တယ်ရီက - “ ကလပ်ရော သူ့အတွက်ပါ အကောင်းဆုံးအချိန်လို့ ပြောလို့ရပါတယ်၊အိမ်ပြန်လာတာ ထက်ကောင်းတာ ဘာရှိဦးမလဲ?” လို့ Daily Mail ကိုပြောခဲ့တာပါ။

တယ်ရီကတော့ လက်ရှိမှာ အက်စတန်ဗီလာအသင်းရဲ့ နည်းပြ ဒီယန်စမစ်ရဲ့ လက်အောက်မှာ လက်ထောက် နည်းပြအဖြစ်ဆောင်ရွက်နေပြီး လမ်းပတ်နဲ့အတူ ချဲလ်ဆီးမှာ ၁၃ နှစ်ကြာ အတူတွဲကစားခဲ့သူပါ။

ဒါ့အပြင် တယ်ရီက လမ်းပတ်အနေနဲ့ ချဲလ်ဆီးနဲ့အတူ အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့လည်း ယုံကြည်ထား ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးကတော့ လူဝယ်ရာသီ ၂ ခု ပိတ်ခံထားရလို့ လာမယ့်ဘောလုံးရာသီအတွက် လူဝယ် ခွင့်တော့မရှိဘူး ဖြစ်နေပါတယ်။

“ လူဝယ်ခွင့်မရလို့ လမ်းပတ်အနေနဲ့ လူငယ်တွေကို ဦးစားပေးလာနိုင်ပါတယ်၊ချဲလ်ဆီးရဲ့ အသင်းမှာအကယ်ဒမီ ထွက်လူငယ်တွေ များစွာ ပေါ်ထွက်လာမယ်လို့လည်း မြင်နေပါတယ်။

ဒါဘီအသင်းရဲ့ ဥက္ကဌ မော်ရစ်ကတော့ လမ်းပတ်နဲ့ ချဲလ်ဆီးရဲ့ ဆွေးနွေးမှုတွေက မပြီးဆုံးသေးပဲ ဒါဘီမှာပဲ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က