လာမယ့်အပတ်မှာ စပါးနဲ့ အာဆင်နယ် ထပ်မံကစားဖို့ ရှိပါတယ်။

ဒီနေ့ပွဲမှာတော့ ထူးထူးခြားခြားပဲ ပြီးခဲ့တဲ့အပတ်က ကာရာဘောင်ဖလားမှာ လူစားလဲတာကိုမထွက်တဲ့ ကီပါကို နည်းပြဆာရီက အရန်ခုံပို့ခဲ့တာလည်း တွေ့ရပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ လန်ဒန်ဒါဘီအဖြစ် ချဲလ်ဆီးနဲ့ စပါးတို့ တွေ့ဆုံခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက နည်းပြ ဆာရီလက်ထက် အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း ရလဒ်မကောင်း ဖြစ်နေတတ်ပေမယ့် ဒီကနေ့ပွဲမှာတော့ စပါးကို အနိုင်ကစားသွားပါတယ်။



ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပက်ထရိုက သွင်းယူခဲ့ပြီး နောက်တစ်ဂိုးကတော့ စပါးနောက်ခံလူ ထရစ်ပီယာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာပါ။ ဒီနေ့ပွဲမှာတော့ ပြီးခဲ့တဲ့အပတ်က ကာရာဘောင်ဖလားမှာ လူစားလဲတာကိုမထွက်တဲ့ ကီပါကို နည်းပြဆာရီက အရန်ခုံပို့ခဲ့တာလည်း တွေ့ရပါတယ်။

စပါးအသင်းကတော့ နောက်ဆုံး ကစားထားတဲ့ ချဲလ်ဆီးအိမ်ကွင်း ၃၃ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့စံချိန်ကို မမြှင့်တင်နိုင်ပဲ အရှုံးနဲ့သာ ရင်ဆိုင်သွားရပါတယ်။ အခြားသော အသင်းကြီးတွေလည်း ကိုယ်စီ ကစားခဲ့ကြပြီး အာဆင်နယ်က ဘုန်းမောက်ကို ၅-၁ ဂိုး၊ လီဗာပူးကို ဝက်ဖို့ဒ်ကို ၅-၀ ဂိုး၊ မန်စီးတီးက ဝက်စ်ဟမ်းကို ၁-၀ ဂိုး၊ မန်ယူက ပဲလေ့စ်ကို အဝေးကွင်းမှာ ၃-၁ ဂိုးတို့နဲ့ အသီးသီး အနိုင်ရသွားပါတယ်။

ဒါကြောင့် ပွဲစဉ်ဇယားမှာတော့ လီဗာပူးက ရမှတ် ၆၉ မှတ်နဲ့ ဆက်လက် ဦးဆောင်နေပြီး မန်စီးတီးက ၆၈ မှတ်နဲ့ ဒုတိယနေရာမှာလည်းကောင်း၊စပါးက ရှုံးပေမယ့်လည်း ရမှတ် ၆၀ နဲ့ တတိယနေရာမှာလည်းကောင်း၊ အာဆင် နယ်က ၅၆ မှတ်နဲ့ စတုတ္ထနေရာမှာလည်းကောင်း အသီးသီးရပ်တည်နေပါတယ်။

မန်ယူကတော့ အဆင့် ၅ နေရာကို ပြီးခဲ့တဲ့ အပတ်ကတည်းက လီဗာပူးကို သရေကျသွားလို့ ဆင်းပေးခဲ့ရတာပြီး ချဲလ်ဆီးကတော့ အဆင့် ၆ နေရာမှာ တစ်ပွဲလျော့ကစားပြီး ရပ်တည်နေကြပါတယ်။

လာမယ့် စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း ပရီးမီးယားလိဂ်ပွဲတွေကို ဆက်လက်ကစားစေမှာ ဖြစ်ပြီး ဒီတစ်ပတ်မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် လန်ဒန်ဒါဘီ ရှိနေပြန်ပြီး စပါးနဲ့ အာဆင်နယ်တို့ ကစားကြမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က