ယာဉ်မှုစစ်အဖွဲ့က ဘားအံကို တရားခံသွားရောက်လွှဲပြောင်းရယူဖို့ သွားနေပြီလို့သိရပြီး ဒီနေ့မှာပဲ ချက်ခြင်း လွှဲပြောင်းပေးသွားမယ်လို့သိရပါတယ်။
Photo - YRO
ဇွန်လ ၂ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ကမ်းနားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ တရားခံဖြစ်သူ YBS ၄၀ ယာဉ်မောင်းကို ဒီကနေ့ ဇွန်လ ၆ရက်နေ့မှာ ဘားအံမှာ ဖမ်းဆီးရမိခဲ့ပြီလို့ ဘားအံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ရဲအုပ် ဝင်းသန်းက Duwunကိုအတည်ပြုပြောပါတယ်။
ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် တရားခံ ဇော်မျိုး(ခ)ဇော်မျိုးထက်ဟာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီး ၄ရက် အကြာ ဒီကနေ့ ဇွန်လ ၆ ရက်မှာတော့ ဘားအံမြို့မှာ ဖမ်းမိခဲ့တာပါ။
“သူဘားအံဘက် ကို ဒီနေ့တက်လာမယ်လို့သတင်းရရခြင်းမှာပဲ အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲနဲ့ အမှတ် (၇၀)ယာဉ် ထိန်းရဲတပ်ခွဲစုက တပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာပါ။လက်ရှိမှာတော့ ဘားအံမြို့မရဲစ ခန်းမှာ ခေတ္တချုပ်နှောင်ထားပါတယ်။အမှုစစ်အဖွဲ့က လာနေပြီလို့သိရပါတယ်။ရောက်တာနဲ့ လွှဲပေးလိုက်မှာပါ။” လို့ ရဲအုပ် ဝင်းသန်းက ပြောပါတယ်။
Photo - YRO
YBS (၄၀) ယာဉ်က မြို့ထဲဘက်ကနေ လာပြီး မျက်နှာချင်းဆိုင်ဖက်ခြမ်းက မောင်းလာတဲ့ တက္ကစီယာဉ်ရဲြ ဦးခေါင်း ပိုင်းကို ဝင်တိုက်ခဲ့တာကြောင့် တက္ကစီပေါ်က ယာဉ်မောင်း အမျိုးသား နဲ့ ခရီးသည် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦး စုစုပေါင်း လူ(၃) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။