ဆာလာနဲ့ ဓာတ်ပုံတွဲရိုက်ချင်လို့ ပရိသတ်တွေ ကွင်းထဲပြေးပြေးဝင်လာခဲ့တာပါ။

ဘောလုံးလောကမှာ အီဂျစ်ဘုရင်လို့ နာမည်ပြောင်ရထားတဲ့ ဆာလာဟာ လီဗာပူးအတွက် ခြေစွမ်းပြနေရုံသာမက လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားမှာလည်း သူ့ရဲ့ အီဂျစ်လက်ရွေးစင်နဲ့အတူ ဝင်ရောက် ယှဥ်ပြိုင်ကစားဖို့ ပစ်မှတ်ထားနေပါတယ်။



နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပရိသတ်တွေက ဆာလာကို လေးစားချစ်ခင်ကြပြီး ဆာလာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း မူလတန်းနဲ့အလယ်တန်းကျောင်းစာတွေမှာ ထည့်သွင်း သင်ကြားပေးဖို့ ပြင်ဆင်ထားတာပါ။ လက်ရှိပြသနေတဲ့ ခြေစွမ်းအရ ဆာလာက အာဖရိကတိုက်ရဲ့ အကျော်ကြားဆုံး ကစားသမားလို့ဆိုရင် မမှားပါဘူး။

အဲ့ဒါကြောင့်လည်း အန်ဂိုလာနဲ့အီဂျစ်တို့ ကစားခဲ့တဲ့ အာဖရိကဇုန် (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပရိသတ်တွေ မကြာခဏဆိုသလို ကွင်းထဲဝင်လာပြီး ဆာလာနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ဒီပွဲကို (၃) ကြိမ်တိုင်တိုင် ရပ်နားခဲ့ရပြီး ကွင်းလုံခြုံရေးတွေကလည်း ဒီလိုမျိုး ကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်တွေကို ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရပါတယ်။ ပွဲကစားချိန် (၈၇) မိနစ်မှာဆိုရင် ပရိသတ် (၃) ယောက်လောက် တစ်ပြိုင်နက်တည်း ဆာလာဆီ ပြေးဝင်လာခဲ့ကြတာပါ။

ဒီပွဲမှာ အန်ဂိုလာက ပွဲကစားချိန် (၂၆) မိနစ်နဲ့ (၃၆) မိနစ်တို့မှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ဧည့်သည် အီဂျစ်က အယ်လ်နီနီ၊ တော်ဖစ်ခ်တို့ရဲ့ချေပဂိုးတွေကြောင့် ပွဲအပြီးမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အီဂျစ်ဟာ လာမယ့် (၂၀၂၂)၊ မတ်အတွင်း ကစားမယ့် Play-offs ပွဲစဥ်တွေအတွက် (၁၀) သင်းစာရင်းမှာ ပါဝင်နိုင်ခဲ့ပါပြီ။

လက်ရှိအချိန်ထိ ဒီစာရင်းမှာ ပါဝင်ထားတဲ့ အသင်းတွေက အီဂျစ်၊ မော်ရိုကို၊ ဆီနီဂေါ၊ မာလီတို့ဖြစ်ကြပြီး ကျန်တဲ့ အသင်း (၆) သင်းကတော့ လာမယ့် အင်္ဂါမှာ ကစားမယ့် အုပ်စုနောက်ဆုံးပွဲတွေအပြီးမှာ သိရှိရမှာပါ။ နှစ်ကျော့ကစားရ်ကျော့ကစားြီးမှာ သိရှိရမှာပါ။

နှစ်ကျော့ကစားရမယ့် ဒီပွဲစဥ်တွေကနေ အနိုင်ရရှိတဲ့ အသင်း (၅) သင်းက လာမယ့် (၂၀၂၂) ဆောင်းရာသီမှာ ကစားမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က