ဟန်နေတာ ကတော့ မကြာခင်မှာ Rock အဆိုတော်ကြီးတွေနဲ့အတူ ဂီတဖျော်ဖြေပွဲလုပ်မယ်လို့ သိရပါတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုလည်း ပရိသတ်ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါသေးတယ်။

Photo: WOLF
ပရိသတ်အားပေးမှုရရှိနေတဲ့ အဆိုတော် ဟန်နေတာ ဟာ သူ့ကို အမာခံအားပေးတဲ့ ပရိသတ်တွေနဲ့ ဂီတလောကမှာ ရပ်တည်နေတာ ကြာပြီလို့ ဆိုပါတယ်။ အခုဆိုရင်တော့ အရင်ကထက်ပို အောင်မြင်လာတဲ့ အချိန်မှာ နေရခက်တာတွေရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ကျွန်တော်က တိုက်ရိုက် Fan နဲ့ပဲ သွားနေတာတော်တော်ကြာပြီ။ Fan တွေကလည်း တဖြည်းဖြည်းနဲ့ များလာပြီ။ ဘာပဲပြောပြာ FG မှာက တင်ဆက်မှုအားလည်းကောင်းတော့ ပြည်သူလူထုက သိသွားတဲ့အတွက်ကြောင့် အာရုံစိုက်မိတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က လူများများရှိတဲ့နေရာတောင် သွားရတာ အဆင်မပြေတဲ့လူပါ။ အခုလို ဖြစ်သွားတဲ့အခါကျတော့ အတွေ့အကြုံတစ်ခုရတာပေါ့နော်။ အခုလည်း နည်းနည်းတော့ ကျင့်သားရနေပါပြီ’’ လို့ သူကဆိုပါတယ်။
Photo: ဟန်နေတာ
အဲဒီနောက် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကိုလည်း ဟန်နေတာက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
‘’ ကျွန်တော်က အခု ဒုတိယအခွေလုပ်နေပါတယ်။ ပွဲတွေလည်း ဆိုမယ်။ ကျွန်တော် တခြား Parsonal ကိစ္စ ဘာတစ်ခုမှမရှိတော့ပါဘူး။ ရှိခဲ့တာတွေကလည်း ပရိသတ်တွေ အနေနဲ့ အထင်လွဲမှားမှုလို့ပဲ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့် အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်ဆိုတာကိုပဲ ကတိပေးပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့က V17 ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
photo: ဟန်နေတာ
ဟန်နေတာ က ဝါရင့်ဂီတပညာရှင်တွေဖြစ်တဲ့ Rock အဆိုတော်ကြီးတွေနဲ့အတူ ဂီတဖျော်ဖြေပွဲလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။
‘’ ဆေးပေါင်းခတဲ့ည ပွဲမှာလည်း ကျွန်တော်က Rock အဆိုတော်ကြီးတွေထဲမှာ အသစ်လို့ပြောလို့ရတယ်။ ဦးညီထွဋ်လည်းပါတယ်။ ဦးရင်ဂို၊ ဦးဂျေမောင်မောင်၊ ကိုကျားပေါက်၊ ကိုဝေလ၊ ကိုရေမွန် ပြီးတော့ နိုဗန်ထူး။ အကုန်ပါတယ်ဆိုတော့ လုံးဝ ဆရာကြီးတွေနဲ့ ဆိုရမှာဆိုတော့ ကျွန်တော်လည်း ပျော်ပါတယ်။ပွဲ အတွက်က နည်းနည်းလိုသေးတော့ ကျွန်တော် ပြင်ဆင်ရဦးမယ်’’ လို့ သူက ဆက်လက်ပြောပြခဲ့တာပါ။
Photo: ဟန်နေတာ
ဟန်နေတာကိုတော့ ‘’ မိုးမခ အိပ်မက်ခရမ်းပြာ’’ ဆိုတဲ့ သီချင်းနဲ့ အားပေးတဲ့ ပရိသတ်အများအပြားရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မင်းသမီးခင်ဝင့်ဝါကို မွေးနေ့အကြို ပုံတူ ပန်းချီကား လက်ဆောင်ပေးခဲ့တဲ့သူအဖြစ်နဲ့လည်း ပရိသတ် စိတ်ဝင်စားမှု ပိုရလာတဲ့ အဆိုတော် တစ်ယောက်ပါ။ ဟန်နေတာ ရဲ့ ဂီတကိုတော့ ပရိသတ်တွေသာမက ဂီတအနုပညာရှင် အချင်းချင်းကပါ အားပေးဝန်းရံခဲ့တာကို တွေ့ရပါတယ်။