မိသားစုဝင်(၂၂)ဦးမှာ (၂)ဦးရောဂါကူးစက်ခံရတာပါ။

မေလ(၇)ရက်နေ့ ညပိုင်းက ထုတတ်ပြန်ခဲ့တဲ့ ထပ်တိုးလူနာ (၁၄)ဦးထဲမှာ တာမွေမြို့နယ်က လူနာနံပါတ် (၁၆၃)နဲ့ (၁၆၄)က လူနာ(၁၅၅)ရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့သိရပါတယ်။ 

လူနာနံပါတ်(၁၅၅)မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် သူ့နဲ့ထိတွေ့ခဲ့တဲ့ မိသားစုဝင် (၂၂)ဦးကို Quarantine ထားရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ (၂)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ တာမွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က Duwun ကိုပြောပါတယ်။ 



“ ညက တာမွေကထပ်တိုးနှစ်ယောက်က အတည်ပြုလူနာ (၁၅၅)ရဲ့အဆက်ပါ။ မိသားစုဝင်တွေပါပဲ။ လူနာနံပါတ်(၁၅၅)မှာရောဂါပိုးရှိကြောင်းသိပြီးတဲ့နောက် တစ်အိမ်တည်းနေတဲ့မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေအားလုံး (၂၂)ယောက်ကို Quarantine ထားထားတာပါ။ အဲဒီထဲကနှစ်ယောက်မှာရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်” လို့ ဦးသိန်းမြင့်ကပြောပါတယ်။ 

လူနာ နံပါတ်(၁၅၅)က ဖျားနာစဉ်ကာလမှာ သျှင်ပါကူဆေးရုံ Fever Clinic ကို လာရောက်ပြသခဲ့ရာ COVID-19 သံသယ ရှိတာကြောင့် အဆိုပါဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူနေစဉ် မေလ ၃ ရက်နေ့ ည မှာတော့ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာပါ။

သူ့မှာရောဂါပိုးတွေ့ရှိပြီးနောက်မှာတော့ ဆေးရုံကကျန်းမာရေးဝန်ထမ်းတချို့ကိုပါ Quarantine ထားရှိထားတာပါ။ ကျန်းမာရေးဝန်ထမ်းတွေမှာ ရောဂါပိုးရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးပြီးလားဆိုတာကတော့ မသိရသေးဘူးလို့ ဦးသိန်းမြင့်ကပြောပါတယ်။ မနေ့ကညက ထပ်တိုးလူနာ(၁၄)ဦးမှာ (၂)ဦးက တာမွေမြို့နယ်ကဖြစ်ပြီး (၁၂)ဦးက အင်းစိန်မြို့နယ်ကဖြစ်ပါတယ်။ အင်းစိန်မြို့နယ်က လူနာ (၁၂)ဦးကလည်း တစ်အိမ်တည်းမှာ နေထိုင်တဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။ 



 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က