လူနာ နံပါတ် (၁၅၀)က ဟားခါးမြို့နယ်ကဖြစ်ပါတယ်။

COVID 19 အတည်ပြုလူနာ နံပါတ်(၁၅၀)နဲ့ ထိတွေ့ခဲ့သူ (၅၆)ဦးလုံးကို ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။

လူနာနံပါတ် (၁၅၀)က ချင်းပြည်နယ် ဟားခါးမြို့ကဖြစ်ပြီး သူ့မှာရောဂါပိုးတွေ့ရှိခဲ့နောက် သူနဲ့ထိတွေ့ခဲ့သူတွေကို စစ်ဆေးခဲ့ရာမှာ ဒီနေ့မနက်ထုတ်ပြန်ချက်အရ အားလုံးမှာ ရောဂါပိုးမတွေ့ရှိခဲ့ပါဘူးလို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပူပေါင်လွန်းမင့်ထန်က Duwun ကိုပြောပါတယ်။



“ ဒီနေ့ပဲ စစ်ဆေးချက်တွေကိုသိရတော့ (၅၆)ယောက်လုံးမှာ ရောဂါပိုးမတွေ့ရှိပါဘူး။ ဒါပေမယ့် ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်အရ နောက်ထပ် ထပ်ပြီးစောင့်ကြည့်အုံးမယ်လို့သိရပါတယ်။ လူနာမှာ ရောဂါပိုးရှိကတည်းကစပြီး ထိတွေ့ခဲ့သူတွေကို Quarantine ထားထားတာ။ ထပ်ပြီးစောင့်ကြည့်ဦးမယ်ဆိုတော့ (၅၆)ဦးလုံး Quarantine ထပ်နေရမှာပေါ့” လို့ ဦးပူပေါင်လွန်းမင့်ထန်ကပြောပါတယ်။

လူနာနံပါတ် (၁၅၀)က ချင်းပြည်နယ် ဟားခါးမြို့နယ်က အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်လျှက်ရှိကာ ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံနေတယ်လို့သိရပါတယ်။ 

လက်ရှိမြန်မာနိုင်ငံအတွင်း COVID 19 ရောဂါဖြစ်ပွားသူ (၁၅၅)ဦးမှာ ချင်းပြည်နယ်က (၆)ဦးပါဝင်ပြီး တစ်ဦးက ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရရှိသွားပါပြီ။

ရောဂါပျောက်ကင်းသွားတဲ့ လူနာက မြန်မာနိုင်ငံမှာ ပထမဆုံးရောဂါတွေ့ရှိခံစားခဲ့ရတဲ့ တီးတိန်မြို့နယ်က လူနာ နံပါတ်(၁)ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က