Photo- Myanmar President Office
မတ်လ ၂၁ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံတော်က မိမိတို့ကို ဘာလုပ်ပေးနိုင်တယ်ဆိုခြင်းထက် မိမိတို့က နိုင်ငံတော်အတွက် ဘာလုပ်ပေးနိုင်မယ်ဆိုတာကို အလေးအနက်ထားဖို့ လိုအပ်ပြီး ဒီမိုကရေစီစနစ်မှာ နိုင်ငံသူနိုင်ငံသားတွေက မိမိတို့ကို တာဝန်ပေးထားတာကို သဘောပေါက်ရမယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့တာပါ။
Photo- Myanmar President Office
ဆက်လက်ပြီး စစ်ဘေးရှောင် ပြည်သူတွေရဲ့ ကျန်းမာရေး၊ နေထိုင်ရေးနှင့် စာဝတ်နေရေး တွေကို ဂရုစိုက်ပေးစေလိုပြီး ပြန်လည်နေရာချထားရေးနှင့် လုံခြုံရေး ကိစ္စတွေကိုဆောင်ရွက်ပေးဖို့လိုကြောင်း၊အခုလို အခွင့်အရေးရတဲ့အချိန်ကာလမှာ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်နဲ့ ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး ပြည်သူတွေအတွက် ဘယ်လောက်တာဝန်ကျေခဲ့သလဲဆိုတာကို စဉ်းစားကြစေလိုတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရတွေအနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ မူဝါဒကို အကောင်အထည်ဖော်ရမှာဖြစ်ပြီးဌာနဆိုင်ရာတွေကိုလည်း ညွှန်ကြားကြပ်မတ် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။
အဲဒီနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို တင်ပြခဲ့ပြီး သမ္မတက လိုအပ်တာတွေကို မှာကြားခဲ့တာလည်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဟာ မတ်လ ၂၁ ရက် မနက်ပိုင်းက ကချင်ပြည်နယ်ကို ရောက်ရှိလာပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့တွေနဲ့တွေ့ဆုံပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို လည်းသွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။