• လုယက်ခံရတဲ့ iPhone တွေ ဆိုင်ကို ပြန်လာအပ်ဖို့ Apple မက်ဆေ့ပို့

ဆိုင်တွေ ယာယီပိတ်ထားပါတယ်

အဓိကရုဏ်းဖြစ်နေစဉ်အတွင်း Apple Stores ဆိုင်မှ iPhones များ အလုယက်ခံပြီးနောက် Apple ဟာ ခိုးယူခံလိုက်ရတဲ့ iPhone များကို ခြေရာခံ ပိတ်ချထားပြီး ပြန်အပ်နှံဖို့ မက်ဆေ့ချ်များ ပို့ခဲ့ပါတယ်။


လူမည်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဂျော့ချ်ဖလွိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်အနှံ့အပြား ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး Apple Stores ဆိုင်များလည်း တိုက်ခိုက်လုယက်ခံခဲ့ပါတယ်။ Apple Stores ဆိုင်များ လုယက်ခံရပြီးနောက် Apple ဟာ အမေရိကန်နိုင်ငံက ဆိုင်တစ်ချို့ကို ယာယီပိတ်ထားခဲ့ရပါတယ်။ အစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ အခွင့်ကောင်းယူပြီး သောင်းကြမ်းသူတစ်ချို့ကြောင့် ဆူပူအကြမ်းဖက်တဲ့အဆင့် ဖြစ်သွားခဲ့တာပါ။

image


Photo: Slash Gear

ဆန္ဒပြသူတွေထဲက တစ်ချို့ဟာ Apple Stores မှာ တင်ထားတဲ့ iPhones များ လုယက်သွားခဲ့ကြပါတယ်။ Apple ဟာ ဆိုင်ကနေ အလုယက်ခံရတဲ့ iPhone တွေကို ခြေရာခံခဲ့ပြီး သုံးမရအောင် Disable လုပ်ခဲ့တယ်လို့ Slash Gear သတင်းက ဖော်ပြထားပါတယ်။အခိုးခံလိုက်ရတဲ့ iPhone တွေထဲကို ဆိုင်လိပ်စာအတိုင်း ပြန်လာအပ်ဖို့ မက်ဆေ့များ ပေးပို့ခဲ့ပါတယ်။

မက်ဆေ့တစ်စောင်မှာဆို "ကျေးဇူးပြုပြီး Apple Walnut Street ကို ပြန်လာပေးပါ။" လို့ ‌ရေးထားပါတယ်။ "ဒီပစ္စည်းကို ပိတ်ချထားပြီး ခြေရာလည်း ခံမိထားပါတယ်။ ဒေသအာဏာပိုင်တွေဆီကိုလည်း အကြောင်းကြားထားပါတယ်"လို့လည်း သတိပေးထားပါတယ်။

Photo: newsweek


Demo ပြထားတဲ့ iPhone ‌မှာ တင်ထားတဲ့ ဆော့ဖ်ဝဲလ်ကနေ ခြေရာခံပြီး Disable လုပ်တာ ဖြစ်တယ်လို့ Apple က အတည်ပြုပါတယ်။ ကုမ္ပဏီအနေနဲ့ အခိုးခံရတဲ့ ဖုန်းတွေရဲ့ တည်နေရာကို ရဲတပ်ဖွဲ့ဆီ အကြောင်းကြား ပြီး/မပြီး ဆိုတာတော့ မသိသေးပါဘူး။ အခိုးခံရတဲ့ iPhone တွေကို သတိပေးတဲ့ စာအကြောင်းကတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

Apple ဟာ Lockdown ဖြေလျှော့မှုအပြီးမှာ နိုင်ငံအနှံ့က Apple Store များ ပြန်ဖွင့်လာခဲ့ပါတယ်။ ဂျော့ချ်ဖလွိုက်အမှုကြောင့် ကန့်ကွက်ဆူပူမှုတွေ ဖြစ်လာပြီးနောက် ပြန်ဖွင့်ထားတဲ့ ဝါရှင်တန်ဒီစီ ၊ လော့စ်အိန်ဂျလိစ် ၊ ဆန်ဖရန်စစ္စကို ၊ နယူးယော့ခ် နဲ့ ဖီလာဒီဖီးယားမှ ဆိုင်တွေ ပြန်ပိတ်လိုက်ရတာ ဖြစ်ပါတယ်။ Apple ရဲ့ CEO တင်မ်ကွတ်ကတော့ ဂျော့ချ်ဖလွိုက်အသတ်ခံရမှုဟာ အဓိပ္ပါယ်မရှိ မိုက်မဲမှုဖြစ်ပြီး လူ့အခွင့်အ‌‌ရေးအဖွဲ့အစည်းတွေကို လှူဒါန်းသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။


Share

Loading Next Article...
က္က