နိုင်ငံတကာလူငယ်များနေ့အဖြစ်ကျင်းပတာပါ။

နိုင်ငံတကာလူငယ်များနေ့ကို နိုင်ငံတကာနည်းတူမြန်မာနိုင်ငံမှာလည်း သြဂုတ်လ ၁၈ရက်နေ့က ပြုလုပ်ခဲ့ပြီးတော့ လူငယ်တွေအတွက်လွတ်လပ်လုံခြုံတဲ့ရပ်ဝန်းရရှိခြင်း ရှိမရှိဆိုတာကို မူတည်ပြီး ဆွေးနွေးခဲ့တာဖြစ်ပြီးတော့ ရလာဒ်တွေကိုတော့ အစိုးရနဲ့ လွှတ်တော်အပြင် လူငယ့်ရေးရာကော်မတီကိုပါ တင်ပြသွားမယ်လို့ ရန်ကုန်လူငယ်ကွန်ယက် ဥက္ကဌ ကိုဇေလင်းမွန် က Duwun ကိုပြောပါတယ်။

39441326_2169987609910840_3232161923319463936_n.jpg

ပညာရေးတက္ကသိုလ်က လူငယ်များနေ့

 

“  နိုင်ငံတကာလူငယ်များနေ့မှာ စကားဝိုင်းဆွေးနွေးပွဲပါမယ်။ အင်တာတိန်းမန့် အစီအစဉ်တွေပါမယ်။အဓိကက ဆွေးနွေးတာက လူငယ်အတွက် လွတ်လပ်လုံခြုံတဲ့ရပ်ဝန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးမှာပါ။ ရလာဒ်တွေကိုတော့ အစိုးရပိုင်းဆိုင်ရာတွေ၊လွှတ်တော်အပြင် လူငယ့်ရေးရာကော်မတီကို ပါ တင်ပြသွားမှာဖြစ်ပါတယ်။ ”လို့ ပြောပါတယ်။

လူငယ်များနေ့အခမ်းအနားကိုတော့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့ လူငယ်တွေအတွက် လွတ်လပ်လုံခြုံတဲ့ ရပ်ဝန်းရှိခြင်းမရှိခြင်းနဲ့ ပါတ်သတ်ပြီးသိရှိဖို့၊ လူငယ်အဖွဲ့အချင်းချင်းချိတ်ဆက်ပြီးနိုင်ငံရေး၊စီးပွားရေး၊လူမှုရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ၊ လူငယ်များနေ့ရဲ့ အရေးကြီးမှုကို အစိုးရနဲ့ ပြည်သူသိရှိဖို့၊ လူငယ်တွေရဲ့ ဆွေးနွေးချက်တွေကို လူငယ်ရေးရာကေ်ာမတီကို ပေးပို့ဖို့ ဆိုပြီးကျင်းပတာဖြစ်ပါတယ်။

နိုင်ငံတကာလူငယ်များနေ့ကို ၁၉၉၉ ခုနှစ်ကနေစပြီးတော့ ကမ္ဘာ့ကုလသမဂ္ဂကနေ သြဂုတ်လ ၁၂ ရက်နေ့မှာသတ်မှတ်ပေးခဲ့ပြီးတော့ ကမ္ဘာ့နိုင်ငံကလူငယ်တွေက ကျင်းပတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က