မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်

လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွာမီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၄၀၀ ကျော်ရှိတယ်လို့ ညောင်ရွာအုပ်ချုပ်ရေးမှူးက Duwun ကို ပြောပါတယ်။

photo - Myanmar Fire Service Department



ဖြစ်စဉ်မှာ မတ်လ ၉ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာ စက်မှုဇုန် (၁) ပန်းလှိုင်ဂေါက်ကွင်းလမ်းက ဓာတ်ဆီဆိုင်တစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ညောင်ရွာကျေးရွာက ကျုးကျော်အိမ် ၉၄ လုံးခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

''ညောင်ကျေးရွာ လမ်းဘေးဓာတ်ဆီဆိုင်က စလောင်တာပါ။ မီးဘေးသင့်ပြည်သူတွေအတွက် ညောင်ရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ လက်ရှိ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်ထားပါတယ်။ စားဝတ်နေရေး အဆင်ပြေအောင်လုပ်ပေးထားပါတယ်'' လို့ ညောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က Duwun ကိုပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။ '' မီးလောင်ကျွမ်းမှု အကြောင်းရင်း၊ ဆုံးရှုံးမှုတန်ဖိုးတွေ မသိရသေးပါဘူး'' လို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။ မီးလောင်မှုကို Level 3 အဆင့်သတ်မှတ်ပြီး တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က