အရင် ၂၀၁၈ နှစ်လယ်ကလည်းက MacBook တစ်ချို့မှာ ကီးငြိတဲ့ ပြဿနာက ရှိနေခဲ့တာပါ။
Apple ရဲ့ နောက်ဆုံးထွက် Butterfly ကီးဘုတ်သစ်ဟာ MacBook ပိုင်ရှင်တစ်ချို့အတွက် ပြဿနာရှိခဲ့ပြိး ဒီလို ပြဿနာရှိထားတဲ့ ဒီကီးဘုတ်တွေမှာ မထင်မှတ်ဘဲ စာလုံးတွေ နဲ့အက္ခရာတွေ ထပ်တလဲလဲ ပေါ်လာနေတာ ၊ တစ်ချို့စာလုံးတွေ အလုပ်မလုပ်တာ နဲ့ကီးညှပ်တာမျိုးတွေ ရှိခဲ့ပါတယ်။
Photo: Cult of Mac
"တတိယမျိုးဆက် Butterfly ကီးဘုတ်မှာ သုံးစွဲသူတစ်ချို့ဒီပြဿနာ ရှိနေတာ ကျွန်တော်တို့သိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါတယ်။ " လို့ Apple ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်က မေးလ်ပို့ထားကြောင်း CNET မှာ ဖော်ပြထားပါတယ်။ တစ်ဆက်တည်းမှာပဲ MacBook ပိုင်ရှင်အများစုမှာတော့ ကီးဘုတ်ပြဿနာ မရှိထားဘူးလို့လည်း ဆိုပါတယ်။
Butterfly ကီးဘုတ် errror မရှိတဲ့ သုံးစွဲသူအများစုကတော့ MacBook Air နဲ့Pro ပိုင်ရှင်တွေ ဖြစ်ပြီး တကယ်လို့သုံးရတာ အခက်အခဲရှိရင်လည်း ဆက်သွယ်ဖို့ပြောထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ထွက်ပေါ်လာတဲ့ သတင်းများအရ ၂၀၁၅ ကနေ ၂၀၁၇ အတွင်း MacBook နဲ့MacBook Pro တွေရဲ့ keyboardတစ်ချို့တစ်လေမှာ Key တွေကို Butterfly ဒီဇိုင်းသစ်နဲ့မိတ်ဆက်ချိန်မှာ ဖြစ်ခဲ့တာပါ။
Apple ဟာ ၁၂ လက်မမော်ဒယ် ၂၀၁၅ ထုတ် MacBook မှာ Butterfly ဒီဇိုင်းသစ်နဲ့ကီးဘုတ်ကို မိတ်ဆက်ခဲ့ပါတယ်။ ကီးဘုတ်သစ်မှာ key ငြိတဲ့ ပြဿနာ ကြုံပြီးနောက် Apple ဟာ ပြဿနာရှိထားတဲ့ MacBook မော်ဒယ်တစ်ချို့ကို ကီးဘုတ်ပြန်လဲပေးမယ်လို့ကြေညာခဲ့ပါတယ်။ ဒီလို Keyboard လဲပေးမယ့် လက်ပ်တော့တွေထဲမှာ Retina ရတဲ့ ၂၀၁၅ မော်ဒယ်တွေကနေ ၂၀၁၇ ထွက် ၁၅ လက်မ MacBook Pro တို့အပါအဝင် လက်ပ်တော့မော်ဒယ်ပေါင်း ၉ မျိုး ပါဝင်ခဲ့ပါတယ်။
Photo: thurrott
ပြီးခဲ့တဲ့ နှစ်အတွင်းမှာ MacBook များကီးဘုတ်လဲခြင်း / ပြင်ဆင်ခြင်းအစီအစဉ်အဖြစ် လက်ခမဲ့အစီအစဉ်တစ်ခု Apple ကုမ္ပဏီမှ စတင်ခဲ့ပြီး ဒီအစီအစဉ်မှာ သုံးစွဲသူကြောင့် ကီးဘုတ်ပေါ်က ကီးတွေ ပြုတ်သွားတာ ၊ ရေဝင်သွားတာလိုမျိုး ပျက်စီးတာမျိုးကိုတော့ အခကြေးငွေနဲ့ပဲ service ပေးသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
Apple ဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း ဘက်ထရီဖောင်းကြွ ပြဿနာတက်ထားတဲ့ Macbook မော်ဒယ်တစ်ချို့အတွက် အခမဲ့ ဘက်ထရီလဲပေးတဲ့ အစီအစဉ်တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။