• Featured

    Macs ထုတ်ကုန်တွေမှာ Face ID လုပ်ဆောင်ချက် ပါလာဖို့ ရှိ

macOS Big Sur beta ဗားရှင်းထဲက ကုဒ်မှာ တွေ့လာရတာပါ

iPhone နဲ့ iPad တွေမှာ တွေ့ရတဲ့ မျက်နှာပြင်ဖတ်နည်းပညာကို Macs တွေမှာလည်း သုံးနိုင်ဖို့ မဝေးတော့ပါဘူး။

macOS Big Sur မှာ တွေ့ရတဲ့ ကုဒ်အရ Face ID ဟာ အနာဂါတ်မှာ Macs ထုတ်ကုန်တွေအတွက် ရောက်လာတော့မှာပါ။ လက်ရှိမှာတော့ Face ID ကို iPhone X နဲ့ နောက်ပိုင်းထွက်လာတဲ့ iPhone သစ်များ နဲ့ iPad Pro သစ်များမှာပဲ သုံးနိုင်သေးတာ ဖြစ်ပါတယ်။ 9to5Mac သတင်းအရ နောက်ဆုံးထွက် macOS Big Sur beta 3 ဗားရှင်းမှာ PearlCamera ဆိုတဲ့ ကုဒ်နာမည်တစ်ခု ပါလာတယ်လို့ ဆိုပါတယ်။

image

Photo: 9to5 Mac

Pearl ဟာ iPhone X မှာ ပထမဆုံး ဖြန့်ချိကတည်းက TrueDepth ကင်မရာစနစ်နဲ့ Face ID အတွက် Apple သုံးလာတဲ့ codename တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ beta extension ထဲမှာ FaceDetect နဲ့ BioCapture ဆိုတဲ့ ကုဒ်တွေလည်း တွေ့ရတာကြောင့် Apple ဟာ macOS မှာ Face ID သုံးနိုင်အောင် စီစဉ်နေတယ်လို့ အတည်ပြုနေကြတာပါ။

Apple ဟာ Mac အတွက် Face ID နည်းပညာကို အကောင်အထည်ဖော်နေဆဲ အဆင့်မှာပဲ ရှိပြီး ဒီနည်းပညာသုံးမယ့် Mac Model ကို ကြေညာဖို့တော့ အချိန်ယူရဖို့ ရှိပါတယ်။ အခုထိတော့ Macs တွေမှာ Face ID ရတော့မလားနဲ့ ဘယ်အချိန်မှာ သုံးနိုင်မလဲဆိုတာ မသိရသေးပါဘူး။ လောလောဆယ်မှာ ဇီဝလုံခြုံရေးအနေနဲ့ MacBook Air နဲ့ MacBook Pro တွေရဲ့ ကီးဘုတ်ထဲမှာ TouchID စနစ် ထည့်သွင်းထားပါတယ်။ 

Mac မှာ Face ID သုံးလာနိုင်မယ်ဆိုရင် ကွန်ပျူတာဖွင့်ရတာ ပိုပြီး အဆင်ပြေချောမွေ့မှာ ဖြစ်သလို built-in ကီးဘုတ် မရှိတဲ့ iMac တွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်လာမှာပါ။ Touch ID ဟာ T2 Security chip ကို အားကိုးရတာ ဖြစ်လို့ သီးသန့် wireless keyboard တစ်ခုမှာ ဒီနည်းပညာထည့်သွင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

Photo: The Verge

နောက်တစ်ချက်ကလည်း A11 Bionic chip တွေမှာ စပြီး ပါလာတဲ့ Neural Engine စနစ်ဟာ Face ID တွေ သုံးနိုင်ဖို့အတွက် အခြေခံနည်းပညာတစ်ခု ဖြစ်ပြီး Mac တွေမှာ အခုထိ Neural Engine မပါသေးပါဘူး။ Face ID ကို Mac တွေမှာ သုံးနိုင်ဖို့ဆိုရင် ဒီနှစ်ကစပြီး Mac အတွက် Intel processor တွေကနေ Apple Silicon chips တွေကို ပြောင်းလာဖို့့လည်း ရှိပါတယ်။

Apple ကလည်း Apple SoCs သုံးတဲ့ Macs တွေဟာ iPhone ၊ iPad တို့မှာလို Neural Engine နည်းပညာ ပါလာမယ်လို့ အတည်ပြုထားပါတယ်။ ဒီနှစ်ထဲမှာ Apple Silicon processor သုံးထားတဲ့ ပထမဆုံး Mac ကို မြင်ရဖို့ ရှိသလို ဘယ် iOS app မဆို macOS ပေါ်မှာ run နိုင်တော့မှာလည်း ဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က